မြန်မာဘာသာ

ဇီဝစမ်းသပ်ခန်းအရေးသည် ကန်မှ ညစ်ညမ်းယုတ်ညံ့သောလုပ်ရပ်ကို ပေါက်ကြား စေသည်ဟု ယုံမှားဖွယ် မလိုကြောင်း တူရကီမီဒီယာများ ထုတ်ပြန်

criPublished: 2022-03-15 13:41:47
Share
Share this with Close
Messenger Pinterest LinkedIn

ယခုတလော ယူကရိန်းနိုင်ငံ၌ အမေရိကန် ဇီဝစမ်းသပ်ခန်းထားရှိရေး အရေးသည် နိုင်ငံတကာ လောကတွင် အဆက်မပြတ် ပျံ့နှံ့နေပြီး နိုင်ငံတကာမိသားစုကြီးသည် ကျယ်ပြန့်စွာ အာရုံစိုက်နေကြောင်း၊ တူရကီမီဒီယာများသည် ထုတ်ပြန်ချက်များတွင် ယင်းအရေးအပေါ် စိုးရိမ်နေကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရုရှား ဓါတ်ရောင်ခြည်၊ ဓာတုနှင့် ဇီဝကာကွယ်ရေးတပ်ဖွဲ့တပ်မှူး Igor Kirillovက ရုရှားသည် ယူကရိန်းနိုင်ငံ၌ အမေရိကန်လက်အောက် ဇီဝစမ်းသပ်ခန်း(၃၀)ကို တွေ့ရှိခဲ့ ကြောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်း ဆောင်ရွက်နေသော အမေရိကန် Black & Veatch ကုမ္ပဏီသည် အဆိုပါ စမ်းသပ်ခန်းတည်ဆောက်မှုတွင် ပါဝင်ခဲ့ကြောင်း၊ ယင်းစမ်းသပ်ခန်းများသည် ယူကရိန်းနိုင်ငံ Lvivမြို့၊ Kharkovမြို့ နှင့် Poltawaမြို့၌ တည်ရှိကြောင်း၊ စမ်းသပ်ခန်းရှိ လုပ်ငန်းများကို အရေးပေါ် ဖျက်ပစ်ပြီ ဖြစ်သော်လည်း ပလိပ်ရောဂါ၊ ထောင့်သန်းနာ၊ brucella ရောဂါပိုး စသော ရောဂါဖြစ်စေသော အရာများကို တွေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု တူရကီAnadolu သတင်းဌာနက သတင်းထုတ်ပြန် ပါသည်။

Share this story on

Messenger Pinterest LinkedIn