မြန်မာဘာသာ

ကန်မှ ယူကရိန်းပြဿနာဆိုင်ရာ တရုတ်နှင့်ပတ်သက်သော သတင်းအတုများ ထုတ်ပြန်ခြင်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်ချေပ

criPublished: 2022-03-15 13:40:04
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က မကြာမီရက်များတွင် အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းပြဿနာဆိုင်ရာ တရုတ်နိုင်ငံနှင့်ပတ်သက်သော သတင်းအတုများ ကို ထုတ်ပြန်ပြီး သဘောရိုး မထားကြောင်း မတ်လ ၁၄ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အမေရိကန်အရာရှိက ရုရှားနိုင်ငံအနေဖြင့် စစ်ရေးဆိုင်ရာကူညီထောက်ပံ့မှုပေးရန် တရုတ် နိုင်ငံအား တောင်းဆိုခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ၏ နိုင်ငံတော် လုံခြုံရေးလက်ထောက် Jacob Jeremiah Sullivan ကလည်း အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ရုရှားနိုင်ငံထံသို့ စီးပွားရေး သို့မဟုတ် ပစ္စည်းဆိုင်ရာ ကူညီထောက်ပံ့မှုပေးခြင်းကို အာရုံစိုက်နေကြောင်း၊ “အရေးယူမှု ရှောင်ကျဉ်လျှင် ဆိုးကျိုး ခံစားရမည်”ဟု တရုတ်နိုင်ငံအား ပြောပြခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သက်ဆိုင်ရာသတင်းအရ သိရပါသည်။

ယင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က လောလောဆယ် အရေးကြီးသည်မှာ ဘက်အသီးသီးတို့သည် မီးလောင်ရာလေပင့် လုပ်မည့်အစား ချုပ်ထိန်းပြီး အခြေအနေ တင်းမာမှု လျော့ပါးစေရန် ဖြစ်ကြောင်း၊ အခြေအနေကို ပိုမိုဆိုးဝါးလာစေခြင်း မဟုတ်ဘဲ သံတမန်ရေးနည်းလမ်း ဖြင့် ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn