မြန်မာဘာသာ

ယန်ကျယ်ချီသည် အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် စပ်လစ်ဗန်နှင့် တွေ့ဆုံ

criPublished: 2022-03-15 13:39:12
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာလုပ်ငန်း ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် မတ်လ ၁၄ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့၌ အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် စပ်လစ်ဗန်နှင့် တွေ့ဆုံခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်လင်း၊ နက်ရှိုင်း၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ အကြီးအကဲများ၏ သဘောတူညီမှုကို ပူးတွဲအကောင်အထည်ဖော်ရန်၊ နားလည်မှု တိုးမြှင့်ရန်၊ သဘောကွဲလွဲမှုကိုထိန်းချုပ်ရန်၊ သဘောတူညီမှုကို တိုးချဲ့ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံမှု ပြန်လည် ပုံမှန် တည်ငြိမ်စွာ တိုးတက်စေဖို့ အခြေအနေ စုစည်း ဖန်တီးပေးရန် သဘောတူကြပါသည်။ နှစ်ဖက်တို့သည် ယူကရိန်း၊ မြောက်ကိုရီးယားနျူကလီးယားအရေး၊ အီရန်နျူကလီးယားအရေးနှင့် အာဖဂန် စသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Share this story on

Messenger Pinterest LinkedIn