မြန်မာဘာသာ

အမေရိကန်အား ၎င်း၏ သမိုင်းအမည်းစက်ကို ရင်ဆိုင်စေရန် ခက်ခဲလွန်းလှ

criPublished: 2022-03-14 16:10:49
Share
Share this with Close
Messenger Pinterest LinkedIn

Reference News ဝက်ဘ်ဆိုဒ်၏ မတ်လ ၁၃ ရက်နေ့ သတင်းအရ ဆော်ဒီအာရေးဗီးယား “Arab News” သတင်းစာဝက်ဘ်ဆိုဒ်တွင် မတ်လ ၁၀ ရက်နေ့က “အမေရိကန်သည် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှု သမိုင်းကြောင်းကို ဖြေရှင်းရန် ပျက်ကွက်မှုအတွက် ပေးဆပ်ရသည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့ကြောင်း သိရသည်။ စာရေးသူမှာ အမေရိကန်နိုင်ငံ Newlines Institute for Strategy and Policy အထူးပရောဂျက်ဌာန ဒါရိုက်တာ Dr. Azeem Ibrahim ဖြစ်သည်။ အပြည့်အစုံကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်သည်။

“လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော ဝေါဟာရသည် ၁၉၄၈ ခုနှစ် “လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာပဋိညာဉ်စာချုပ်” ၌ ရှင်းလင်းတိကျသော ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည်။ ၎င်းသည် အမျိုးသား၊ လူသားမျိုးနွယ်၊ လူမျိုး သို့မဟုတ် ဘာသာရေးအုပ်စု တစ်စုအား ရက်ရွယ်ချက်ရှိရှိ အလုံးစုံဖျက်ဆီးမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖျက်ဆီးမှုကို ရည်ညွှန်းသည်။

လူမျိုးတုံးသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရောထွေးအသုံးပြုခြင်း သည် လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိပ္ပါယ်ကို ဝေဝါးသွားစေပြီး ယင်းသည် လူမျိုးတုံးသတ်ဖြတ်မှု သမိုင်းကြောင်းရှိခဲ့ပြီး ပြန်လည်ထုတ်ဖော်ပြောကြားခြင်း မပြုလိုတော့သည့် နိုင်ငံများစွာ၏ အကျိုးစီးပွားနှင့် ကိုက်ညီနေပါသည်။

ဥပမာအားဖြင့် အမေရိကန် ဖြစ်သည်။ အမေရိကန်လူမျိုးများကို ၎င်းတို့၏ သမိုင်းကြောင်းကို လေးနက်ပြီး အပြုသဘောဆောင်သည့်ပုံစံဖြင့် ရင်ဆိုင်ရန်မှာ နိုင်ငံရေးအရ အခက်ခဲဆုံး တာဝန်တစ်ခုဖြစ်သည်။ ကျွန်စနစ်သမိုင်းနှင့် အမွေအနှစ်မှသည် ကွန်ဖက်ဒရိတ်အထိမ်းအမှတ်အဆောက်အအုံအထိ အမေရိကန်၏သမိုင်းကို ပကတိ အတိုင်း အပြုသဘောဆောင်စွာ ရှုမြင်သုံးသပ်ရန် တိုက်တွန်းမှုများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

သို့သော် အတိတ်ကို ရိုးရိုးသားသား ရှုမြင်သုံးသပ်ရန် ငြင်းဆန်ခြင်းသည် ကျွန်ုပ်တို့ကို တန်ဖိုးကြီးကြီး ပေးဆပ်ရစေပါသည်။ ပြည်တွင်း၌ ဤကဲ့သို့ငြင်းဆန်မှုသည် ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုထားခြင်း ပင် ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဤနိုင်ငံရှိ ကျွန်စနစ်နှင့် လူမျိုးရေး ခွဲခြားမှုသမိုင်းကြောင်းကို အမေရိကန်လူမျိုးများက ပိုမို၍ စတင်ရှုမြင်သုံးသပ်လာကြပြီး ယင်းတို့သည် ယနေ့ခေတ်တွင် အမေရိကန်နှင့် အာဖရိက အနွယ်ဖွား အမေရိကန်များအပေါ် သက်ရောက်မှုများ ရှိနေဆဲဖြစ်ကြောင်းကို ပိုမိုသိရှိလာကြသည်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn