မြန်မာဘာသာ

အမေရိကန်သတင်းထောက် ရုရှားစစ်တပ်၏ ရိုက်သတ်ခြင်းခံရသည်ဟူသော သတင်းသည် မမှန်ကန်ကြောင်း ရုရှားဝက်ဘ်ဆိုဒ်က ဖော်ပြ

criPublished: 2022-03-14 16:11:21
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန်သတင်းထောက် ရုရှားစစ်တပ်၏ ပစ်သတ်ခြင်းခံရသည်ဟူသော သတင်းသည် မမှန်ကန်ကြောင်း ဒေသစံတော်ချိန် ၁၃ ရက်နေ့တွင် ရုရှားနိုင်ငံ "Fighting Fake News" ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ Irpin မြို့သည် ယခုအခါ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်ရှိပြီး အကာအကွယ်များလည်း ဆောက်လုပ်ထားကြောင်း၊ ယူကရိန်းကွပ်ကပ်ရေးဌာနသည် ဤဒေသ၌ နိုင်ငံခြားသတင်းထောက် ရှိနေခြင်းကို ကောင်းစွာ သိရှိထားကြောင်း၊ သူတို့သည် သတင်းထောက်၏ လုံခြုံရေးကို မဖြစ်မနေအာမခံချက်ပေးပြီး ၎င်းတို့အတွက် “အစိမ်းရောင်လမ်းကြောင်း” တစ်ခု ထားရှိရမည်ဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုဒ်က ပြောကြားသည်။

“The New York Times” ၏ ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းတွင် သတင်းထောက် Brent Renaud သေဆုံးမှုသတင်းကို သိရှိကြောင်း ပြောကြားခဲ့သော်လည်း ၎င်းသတင်းထောက်က သူတို့အတွက် နောက်ဆုံးအလုပ်လုပ်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်တွင် ဖြစ်ကြောင်း ရုရှားဝက်ဘ်ဆိုဒ်က အလေးပေးဖော်ပြသည်။ “The New York Times” အယ်ဒီတာအဖွဲ့က ၎င်းအား ယူကရိန်းသို့ သတင်းတာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်းမရှိဘဲ သတင်းထောက်ကဒ်မှာ နှစ်ပေါင်းများစွာမတိုင်မီက ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ “The New York Times” သတင်းထောက်ကဒ်ပေါ်က ဓာတ်ပုံမှာ ဝီကီပီးဒီးယားဝက်ဘ်ဆိုဒ်မှ ရယူထားခြင်းဖြစ်ပြီး ယင်းသတင်းထောက်ကဒ်မှာ အတုလုပ်ထားခြင်း ဖြစ်နိုင်ကြောင်း ရုရှားမီဒီယာက ဖော်ပြသည်။

Brent Renaud သည် အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အစောပိုင်းလှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်နေသည့် အမေရိကန်ထောက်လှမ်းရေးတစ်ဦးဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Share this story on

Messenger Pinterest LinkedIn