Chernobyl နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှဝန်ထမ်းများ လုံခြုံရေးပြင်ဆင်မှု လုပ်ငန်း ရပ်စဲပြီ
ယူကရိန်းက Chernobyl နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ဝန်ထမ်း များသည် နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ လုံခြုံရေးပြင်ဆင်မှု လုပ်ငန်းကို ရပ်စဲလိုက်ပြီဟု ပြောကြားကြောင်း ဒေသစံတော်ချိန် မတ်လ ၁၃ရက်နေ့က နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့(IAEA)မှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ ၁၄ရက်နေ့ထုတ်သတင်းအရ သိရပါသည်။