မြန်မာဘာသာ

ပူတင်နှင့် ပြင်သစ်၊ ဂျာမနီ နှစ်နိုင်ငံခေါင်းဆောင်များ တယ်လီဖုန်းဖြင့်ဆက်သွယ်ရာတွင် သုံးဘက်လုံးက ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ချိတ်ဆက်မှုထိန်းသိမ်းထားရန်ဆုံးဖြတ်

criPublished: 2022-03-13 13:33:50
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၂ ရက်နေ့တွင် ကရင်မလင်နန်းတော်က ရုရှားသမ္မတ ပူတင်သည် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်စကိုးလ်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ပူတင်က တယ်လီဖုန်းဖြင့်ဆက်သွယ်ရာတွင် ယူကရိန်း၏ အမျိုးသားရေးဝါဒီ လှုပ်ရှားသူများက ဒေသခံပြည်သူများအားကယ်ဆယ်ရေးကို စနစ်တကျဖျက်ဆီးနေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းထန်စွာ ချိုးဖောက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ ပူတင်က မက်ခရွန်နှင့် အိုလက်ဖ်စကိုးလ်တို့ကိုလည်း Donbas ဒေသကာကွယ်ရေးလှုပ်ရှားရာတွင် ဒေသအသီးသီး၌ လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး လက်တွေ့အခြေအနေကို အကြောင်းကြားခဲ့ပြီး ယူကရိန်းအမျိုးသားရေးဝါဒီလှုပ်ရှားသူများ၏ ပြစ်မှုကျူးလွန်သည့် လုပ်ရပ်အားတားဆီးပေးရန် ပြင်သစ်၊ ဂျာမနီနှစ်နိုင်ငံက ယူကရိန်းအာဏာပိုင်ကို တွန်းအားပေးဖို့ တိုက်တွန်းခဲ့သည်။

ပူတင်က လက်တလော ရုရှား-ယူကရိန်းနှစ်နိုင်ငံကိုယ်စားလှယ်များက ဗီဒီယိုစနစ်ဖြင့်ဆွေးနွေးသည့်အခြေအနေကိုလည်း အသေးစိတ်မိတ်ဆက်တင်ပြခဲ့သည်။ ရုရှား-ပြင်သစ်-ဂျာမနီ သုံးနိုင်ငံခေါင်းဆောင်များက ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ချိတ်ဆက်မှုထိန်းသိမ်းထားရန်လည်းဆုံးဖြတ်ခဲ့သည်။

Share this story on

Messenger Pinterest LinkedIn