မြန်မာဘာသာ

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုနှင့် တရားစွဲထားတဲ့အမှု ကို ထပ်မံစစ်ဆေး

criPublished: 2022-03-13 11:21:40
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသော သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုနှင့် တရားစွဲထားတဲ့အမှုကို စစ်ဆေးရန် နေပြည်တော်ရှိ ဇမ္ဗူသီရိတရားရုံးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

ထို့နေ့တွင် တရားစွဲဆိုခံရသော ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံး၍ လွှမ်းမိုးခြင်းကို တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က တရားလိုပြသက်သေပြီး တရားခံဘက်ရှေ့နေ၏ ပြန်လှန်စစ်မေးမှုများကို လက်ခံခဲ့ပါသည်။

လက်ရှိအချိန်အထိ အဆိုပါအမှုတွင် သက်သေ အယောက် ၂၀သည် တရားလိုပြသက်သေ ခဲ့ပြီဖြစ်ပါသည်။ ယင်းအမှုကို မတ်လ ၁၈ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဖြစ်ပြီး ဧပြီလ ၁၈ရက်နေ့တွင် အပြီးသတ်နိုင်မည်ဖြစ်ပါသည်။

Share this story on

Messenger Pinterest LinkedIn