မြန်မာဘာသာ

ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ရပ်တည်ချက်နှင့် အချက်အလက်များကို ဖြန့်ဝေရန်အတွက် “အွန်လိုင်းဆယ်လီ” ၃၀ ဦးကို အိမ်ဖြူတော်က အစည်းအဝေးခေါ်ယူကျင်းပ

criPublished: 2022-03-13 11:22:00
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန် အိမ်ဖြူတော်သည် ဒေသစံတော်ချိန် ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ပွဲ ကျင်းပ၍ အမေရိကန် TikTok ဗီဒီယိုပလက်ဖောင်း၌ သြဇာလွှမ်းမိုးမှုရှိသော ဗီဒီယိုဘလော့ဂါ ၃၀ ဦးခန့်ကို ယူကရိန်း၌ ရုရှား၏ အထူးစစ်ဆင်ရေးအခြေအနေအကြောင်း အသိပေးခဲ့သည်။

ယခုအကြိမ်ထုတ်ပြန်ပွဲကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ဝန်ထမ်းနှင့် အိမ်ဖြူတော် သတင်းအတွင်းရေးမှူး Jennifer Rene Psaki တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးက “အွန်လိုင်းဆယ်လီ” များထံသို့ သက်ဆိုင်ရာဒေသ၌ အမေရိကန်၏ မဟာဗျူဟာရည်မှန်းချက်များကို အသိပေးခဲ့ပြီး ယူကရိန်းသို့ ကူညီပံ့ပိုးရေး၊ NATO နှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့်မေးခွန်းများကို ဖြေကြားခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ လူသန်းပေါင်းများစွာသည် ပဋိပက္ခဖြစ်ပွားရာနေရာရှိ အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် TikTok ပလက်ဖောင်းသို့ ရောက်ရှိလာကြသည်။ အိမ်ဖြူတော်သည် ထို “အွန်လိုင်းဆယ်လီ” များ၏ သြဇာလွှမ်းမိုးမှုကို သတိပြုမိကာ ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ရပ်တည်ချက်နှင့် အချက်အလက်များကို ဖြန့်ဝေရန်အတွက် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်ခဲ့သည်။

Share this story on

Messenger Pinterest LinkedIn