မြန်မာဘာသာ

အနောက်တိုင်းမီဒီယာများက ယူကရိန်းအန္တရာယ်အကြောင်းတင်ဆက်ရာတွင် “စံချိန်နှစ်မျိုး” ဖြစ်

criPublished: 2022-03-12 17:34:21
Share
Share this with Close
Messenger Pinterest LinkedIn

ယူကရိန်းအခြေအနေပြောင်းလဲလာသည်နှင့်အမျှ အနောက်တိုင်း၏ “တစ်ဖက်စောင်း” သည့် ရုရှားဆန့်ကျင်ရေးစကားများကလည်း မေးခွန်းထုတ်ခြင်းခံလာရသည်။

အမေရိကန် MSNBC ကုမ္ပဏီ၏ အစီအစဉ်တင်ဆက်သူ Joy Reid က လတ်တလောရက်ပိုင်းတွင် အစီအစဉ်ထဲ၌ စစ်မီးဒဏ်ခံရတာချင်းတူတူ၊ လူသားချင်းစာနာထောက်ထားမှုအန္တရာယ်ခံရတာချင်းတူတူ ယီမင်နိုင်ငံကအဘယ်ကြောင့် အမေရိကန်မီဒီယာများ၏တင်ဆက်မှုထဲ၌ မရှိသလောက်ပင်ဖြစ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

အင်တာနက်အသုံးပြုသူတစ်ယောက်က “အမေရိကန်က ခရုဇ်ဒုံးကျည် (Cruise Missile) နဲ့အီရတ်ကိုတိုက်ခိုက်တုန်းက ကမ္ဘာကြီးဘယ်လောက်တိတ်ဆိတ်နေသလဲ။ အီရတ်မှကလေးငယ်များ သေဆုံးသွားကြပြီဆိုတဲ့ သတင်းမျိုးကို ကျွန်တော်တို့မတွေ့ရသလောက်ပါပဲ” ဟုဆိုသည်။

ဥရောပပါလီမန်အိုင်ယာလန်နိုင်ငံသား Clare Daly က လတ်တလောတွင် ဥရောပပါလီမန် စုံညီအစည်းအဝေး၌ အာဖဂန်နစ္စတန်၏အရေးကိစ္စကို ဂရုပြုတဲ့လူလုံးဝမရှိခြင်းသည် ကျူးကျော်သူက အမေရိကန်ဖြစ်ခြင်းကြောင့်မဟုတ်လောဟု ဒေါသတကြီးမေးခွန်းထုတ်ခဲ့သည်။

Share this story on

Messenger Pinterest LinkedIn