မြန်မာဘာသာ

အမေရိကန်က ရုရှားအား ဦးစားပေးမှု အများဆုံး ခံရသည့် နိုင်ငံ (most-favored-nation-treatment) အဖြစ်မှ ဖျက်သိမ်းမည်ဟု ကြေညာ

criPublished: 2022-03-12 14:29:04
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၁ရက်နေ့တွင် အမေရိကန်သမ္မတ ဘိုင်ဒင်က အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားရာတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ကြေညာခဲ့ပါသည်။ ယင်းပိတ်ဆို့အရေးယူမှုအသစ်များတွင် အမေရိကန်သည် ဂျီ-၇ အုပ်စု၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရုရှားအား ဦးစားပေးမှု အများဆုံး ခံရသည့် နိုင်ငံ (most-favored-nation-treatment) အဖြစ်မှ ဖျက်သိမ်းခြင်း အဓိကပါဝင်ကြောင်း၊ ရုရှားအပေါ် ကျင့်သုံးနေသော ပိတ်ဆို့အရေးယူမှုများအပြင် အမေရိကန်သည် ရုရှားနိုင်ငံမှ သွင်းကုန်များ၏ အခွန်ကိုလည်း တိုးမြှင့်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

Share this story on

Messenger Pinterest LinkedIn