မြန်မာဘာသာ

WHO၏ အကြံပြုချက်သည် ယူကရိန်းရှိ အမေရိကန် ဇီဝ စမ်းသပ်ခန်းကို ထပ်မံ ဖော်ထုတ်

criPublished: 2022-03-12 13:15:28
Share
Share this with Close
Messenger Pinterest LinkedIn

ယူကရိန်း ပြည်တွင်းရှိ အမေရိကန်မှ ငွေကြေးထောက်ပံ့ပေးပြီး ဖော်ဆောင်နေသော စစ်ရေး ဇီဝ စီမံကိန်းကို မကြာခင်က ရုရှားစစ်ဘက်က ထုတ်ဖော်ပြောကြားသည်။ စစ်ပွဲကြောင့် ရောဂါပိုးယိုစိမ့်မှု မဖြစ်စေပြီး အများပြည်သူများ၏ ကျန်းမာရေး အပေါ် အန္တရာယ် မဖြစ်စေရန် အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယူကရိန်းနိုင်ငံအား ၄င်းနိုင်ငံရှိ အများပြည်သူ့ ကျန်းမာရေး စမ်းသပ်ခန်းတွင် သိုလှောင်ထားသော အန္တရာယ် အလွန်ကြီးမားသည့် ရောဂါ ဖြစ်စေသော အရာဝတ္တုများကို ဖျက်သိမ်းရန် မကြာခင်က အကြံပြုခဲ့ကြောင်းလည်း နိုင်ငံခြား မီဒီယာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အမေရိကန်သည် မည်သို့သော အသိမပေးဝံ့သည့် မသမာမှုကို လုပ်နေတာလဲဟု အသီးသီး မေးမြန်းသည်။

ပိုပြီးထူးဆန်းသည့် အချက် ကတော့ ရုရှားဘက်မှ သက်ဆိုင်ရာ အရေးကိစ္စကို ဖော်ထုတ်ခဲ့ ပြီးနောက် အမေရိကန် အရာရှိများစွာသည် ရှေ့နောက်မညီသည့် ပြောဆိုချက်များကို ဖော်ပြခဲ့သည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ဇီဝစမ်းသပ်ခန်း ၃၀၀ကျော်ကို ထိန်းချုပ်နေပြီး ယင်းအနက် ယူကရိန်း အပါအဝင် ယခင်ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ဖြစ်လာသည့် နိုင်ငံများစွာရှိ ဇီဝ စမ်းသပ်ခန်းများ ပါဝင်ကြောင်း လေ့လာမှုနှင့် သက်သေအထောက်အထားများစွာက ပြဆိုနေသည်။ ထို့အပြင် ယူကရိန်းနိုင်ငံတွင် အမေရိကန်က ဇီဝစစ်ရေးလှုပ်ရှားမှုကို ပြုလုပ်သည့် တစ်ချိန်တည်းတွင်ပင် ယူကရိန်း ပြည်တွင်းတွင် မူမမှန်သည့် ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျိုးကြောင်းဆီလျော်သည့် သံသယ ဖြစ်မှုကို အမေရိကန်သည် ပြီးစလွယ်လုပ်၍ မရပေ။ ယခုအထိ ကမ္ဘာပေါ်တွင် ဓါတုလက်နက်ကို ပိုင်ဆိုင်ထားနေသေးသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည့် အမေရိကန်သည် လွန်ခဲ့သည့် နှစ်၂၀ အတွင်း “ကုလသမဂ္ဂ ဓါတုလက်နက် ပိတ်ပင်ရေး ပဋိညာဉ်စာချုပ်”ပါ ဘက်ပေါင်းစုံ စစ်ဆေးရေး စနစ် ထူထောင်ရေးကို တစ်လျှောက်လုံး ဆန့်ကျင်သည့် တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ပြည်သူများ၏ ကျန်းမာရေး အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် နိုင်ငံတကာ ပညာရှင်များကို စည်းရုံးပြီး ယူကရိန်း အပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် အမေရိကန်ထားရှိသည့် ဇီဝစမ်းသပ်ခန်းများကို စစ်ဆေးရန် လိုအပ်ကြောင်း၊ အမေရိကန်သည် နိုင်ငံတကာ တာဝန်ဝတ္တရားကို ထမ်းဆောင်ပြီး ဟုတ်တိုင်းမှန်ရာ အတိုင်း ဘက်စုံ ရှင်းလင်းဖော်ပြကာ ဘက်ပေါင်းစုံ စစ်ဆေးမှုကို လက်ခံရမည် ဖြစ်ကြောင်း CMGက ဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn