မြန်မာဘာသာ

အမေရိကန်မီဒီယာသမား - အမေရိကန်အစိုးရက ယူကရိန်းဓာတ်ခွဲခန်းအရေးတွင် လိမ်ညာပြောဆိုသည်

criPublished: 2022-03-12 13:13:24
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန် Fox News Channel မှအစီအစဉ်တင်ဆက်သူ Tucker Carlson က ၁၀ ရက်နေ့တွင် အမေရိကန်အစိုးရသည် ယူကရိန်းလျှို့ဝှက်ဇီဝဓာတ်ခွဲခန်းအရေး၌ လိမ်ညာပြောဆိုခဲ့ပြီး အမေရိကန်ပြည်သူများအပေါ် အဆိုပါဓာတ်ခွဲခန်းများအား ထောက်ပံ့ပေးသည့် ရည်ရွယ်ချက်အမှန်အား ဖုံးကွယ်ထားသည်ဟု ထောက်ပြပြောဆိုခဲ့သည်။

Tucker Carlson က အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland က ၈ ရက်နေ့တွင် ယူကရိန်း၌ “ဇီဝသုတေသနအဆောက်အအုံ” များရှိသည်ဟုဝန်ခံခဲ့သဖြင့် ယင်းသည်လူများကို အလွန်တုန်လှုပ်သွားစေသည်ဟု ပြောခဲ့သည်။ အမေရိကန်သည်လည်း အမှန်တကယ်ပင် ယူကရိန်း၌ အလွန်စိတ်ပူပန်စေနိုင်သည့် အန္တရာယ်ရှိဓာတ်ခွဲခန်း တည်ဆောက်ထားပြီး ဓာတ်ခွဲခန်းအတွင်း၌ ရုရှားရရှိသွားမည်စိုးသည့် သုတေသနပစ္စည်းများရှိကာ ဇီဝလက်နက်သုတေသနပြုလုပ်မည့်ပစ္စည်းဖြစ်နိုင်သည်။

Share this story on

Messenger Pinterest LinkedIn