အမေရိကန်တွင် ကိုဗစ်-၁၉ကြောင့် ကလေး ၂သိန်းကျော် မိဘ သို့မဟုတ် ပြုစုသူ ဆုံးရှုံး
အမေရိကန် NBC မှ သတင်းအရ အမေရိကန်နိုင်ငံတွင် ကလေး ၂ သိန်း ကျော်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မိဘ သို့မဟုတ် ပြုစုသူ ဆုံးရှုံး ခဲ့ရကြောင်း၊ ယင်းသည် အမေရိကန်နိုင်ငံတစ်နိုင်ငံလုံးအတွက် ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာပြီဖြစ်ပြီး အထူးသဖြင့် အမေရိကန်နိုင်ငံမှ အင်ဒီယန်လူမျိုး၊ အာလာစ်ကာ ဌာနေလူမျိုး၊ ဟာဝါအီ ဌာနေလူမျိုးနှင့် ပစိဖိတ်ပင်လယ်ကျွန်းများမှ ဌာနေလူမျိုး ကလေးများသည် အဆိုပါအခြေအနေ ဆိုးဝါးစွာ ကြုံတွေ့ရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။