မြန်မာဘာသာ

ယခုအချိန်သည် ယူကရိန်း၏ ဥရောပသမဂ္ဂသို့ဝင်ရောက်ရေး လုပ်ငန်းစဉ်ကို စတင်ရန် အချိန်ကောင်း မဟုတ်ဟု ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြား

criPublished: 2022-03-11 13:27:40
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၀ ရက်နေ့တွင် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး အလွတ်သဘော အစည်းအဝေးကို ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်တွင် ကျင်းပခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခနှင့် ၎င်းကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ အကျိုးဆက်များသည် ယခုအကြိမ် အလွတ်သဘောအစည်းအဝေး၏ အဓိကအကြောင်းအရာများ ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် ကာကွယ်ရေး၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ ကုန်ကြမ်းနှင့် ဆီမီးကွန်ဒပ်တာ စသည့် အသေးစိတ်အကြောင်းအရာဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က အစည်းအဝေးမစတင်မီ ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ယူကရိန်း၊ မော်ဒိုဗာနှင့် ဂျော်ဂျီယာတို့ ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် လျှောက်ထားမှုများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း Macron က ပြောကြားသည်။ ဥရောပ သမဂ္ဂသည် ၎င်းတို့ထံသို့ များစွာထောက်ခံကြောင်း အချက်ပြမှု ပေးပို့လိုသော်လည်း ယခုအခါ ဥရောပသမဂ္ဂသည် သတိထားရမည် ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။ ယခုအချိန်သည် စစ်ပွဲအတွင်းကျရောက်နေသော ယူကရိန်း ဥရောပသမဂ္ဂသို့ဝင်ရောက်ရေး လုပ်ငန်းစဉ်ကို စတင်ရန် အချိန်အခါကောင်း မဟုတ်ကြောင်း၊ သို့သော်လည်း သုံးနိုင်ငံလုံးကို ငြင်းပယ်လျှင်လည်း တရား မမျှတကြောင်း ၎င်းက ယူဆသည်။

Macron က ၁၀ ရက်နေ့တွင် သူသည် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Olaf Scholz ၊ ရုရှားနိုင်ငံသမ္မတ Vladimir Putin တို့နှင့် တယ်လီဖုန်းဆက်သွယ်ခဲ့ကာ ၄၈ နာရီအတွင်း ထပ်မံဖုန်းပြောဆိုပြီး ရုရှား-ယူကရိန်းပဋိပက္ခနှင့် အပစ်အခတ်ရပ်စဲရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူက စိုးရိမ်ပြီး အဆိုးမြင်သည်။ အချိန်တိုအတွင်း အပစ်အခတ် ရပ်စဲရန် သဘောတူညီချက်ရနိုင်မည်ဟု သူက မထင်ပေဟု ဆိုသည်။

အချိန်တိုအတွင်း ဥရောပသမဂ္ဂ၏ဆန္ဒမှာ ဒေသခံများကို အကာအကွယ်ပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၏ အကျိုးသက်ရောက်ခံရမှု လျော့နည်းစေရန် ဖြစ်ကြောင်း၊ ယင်းအတွက် ခေါင်းဆောင်များက သက်ဆိုင်ရာစာများကို ယခုလမကုန်မီ ပြင်ဆင်ပေးရန် ဥရောပကော်မရှင်ထံ တောင်းဆိုမည်ဖြစ်ကြောင်း၊ လကုန်တွင် ထိပ်သီးအစည်းအဝေးကျင်းပ၍ ယင်းကို အဆုံးအဖြတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း Macron က ပြောကြားသည်။

Share this story on

Messenger Pinterest LinkedIn