မြန်မာဘာသာ

ဆွေးနွေးသည့်နည်းလမ်းမှတစ်ဆင့် ပဋိပက္ခများကို ဖြေရှင်းရန် ပိုမိုကြီးမားသည့် ဖန်တီးမှု စွမ်းအားနှင့် သန္နိဋ္ဌာန်လိုအပ်ကြောင်း ဂူတာရက်စ် ဆို

criPublished: 2022-03-11 11:53:43
Share
Share this with Close
Messenger Pinterest LinkedIn

နိုင်ငံတကာ မိသားစုကြီးသည် ဆွေးနွေးသည့်နည်းလမ်းမှတစ်ဆင့် ပဋိပက္ခများကို ဖြေရှင်းဖို့ အခွင့်အလမ်းများကို ရှာဖွေရန် ပိုမိုကြီးမားသည့် ဖန်တီးမှုစွမ်းအားနှင့် သန္နိဌာန် လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ်လ ၁၀ ရက်နေ့တွင် ပန်ကြားပါသည်။ ဂူတာရက်စ်က ထိုနေ့ကျင်းပသော ၈ ကြိမ်မြောက် အစ္စတန်ဘူးလ် ညှိနှိုင်းဆွေးနွေးပွဲတွင် ဗီဒီယို မိန့်ခွန်းပြောကြားရာ၌ လက်ရှိ ကမ္ဘာ့နေရာ တော်တော်များများတွင် ပဋိပက္ခများ ဆက်တိုက်ပြင်းထန်လာခြင်းအပေါ် စိုးရိမ်မိကြောင်း၊ ကြားဝင်ဖျန်ဖြန်ခြင်း၏ အောင်မြင်မှုသည် နိုင်ငံတကာမိသားစုကြီး၏ ထောက်ခံမှုနှင့် နိုင်ငံရေး စည်းလုံးညီညွတ်မှုအပေါ် မူတည်၍ နိုင်ငံတကာမိသားစုကြီးသည် နိုင်ငံရေး နယ်ပယ်တွင် စည်းလုံးညီညွတ်မှုကို အားဖြည့်ဆောင်ရွက်ပြီး ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn