မြန်မာဘာသာ

ဥရောပနိုင်ငံများ အမေရိကန် ပြုလုပ်တဲ့ ထောင်ချောက်ထဲမှ ထွက်သင့်ပြီ

criPublished: 2022-03-11 11:17:17
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် ဒီလ ၉ ရက်နေ့က အမေရိကန် အောက်လွှတ်တော်က မဲပေးတဲ့ နည်းလမ်းနဲ့ ရုရှားရဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ကျောက်မီးသွေးကို တင်သွင်းဖို့ ပိတ်ပင်ရန် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ အဲဒါဟာ ခုချိန်အထိ အမေရိကန်က ရုရှားအပေါ် အပြင်းထန်ဆုံးသော အရေးယူ ပိတ်ဆို့မှု ဖြစ်ပါတယ်။ ယူကရိန်း အကျပ်အတည်း ဖြစ်ပွား ခဲ့တဲ့နောက်ပိုင်း အရေးယူပိတ်ဆို့မှုများ အလွဲသုံးစားမှုကြောင့် ဘေးထွက်ဆိုးကျိုးများ တဖြည်းဖြည်း ပေါ်ထွက်လာပြီး ဥရောပနိုင်ငံများက ဒီအကြိမ် အငြင်းပွားမှုရဲ့ အဓိက ထိခိုက်ခံရသူတွေ ဖြစ်လာပါတယ်။

စွမ်းအင်ဈေးနှုန်းများ တစ်ရှိန်ထိုး မြင့်တက်လာပြီး ဥရောပ ပြည်သူများ ဒုက္ခ များစွာကို ကြုံတွေ့နေရပါတယ်။ စားနပ်ရိက္ခာ ဖြန့်ဖြူးမှုရော၊ လုံခြုံရေး ကိစ္စရော အလွန် တင်းကျပ်တဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ ဥရောပနိုင်ငံများရဲ့ ရွှေ့ပြောင်းလို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး ယူကရိန်း အခြေအနေ တည်ငြိမ် မှသာ ဥရောပရဲ့ လုံခြုံမှုကို အာမခံပေးနိုင်ပါတယ်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူ အမေရိကန်က ဝေးလံရာနေရာမှာ တည်ရှိပြီး ဂယက်ရိုက်ခတ်မှု ခံရတာ နည်းပါးပါတယ်။ အမေရိကန်ရဲ့ စစ်ရေးနဲ့ စက်မှုလုပ်ငန်းဌာနတွေဟာ ဒီအကြိမ် ယူကရိန်း အကျပ်အတည်း ထဲကနေ အမြတ်အစွန်း များစွာ ရရှိတဲ့အပြင် ရုရှားကိုလည်း တစ်ဆင့်တိုး ဖိအားပေးကာ ပိုမိုများပြားတဲ့ ဗိုလ်ကျစိုးမိုးရေးဆိုင်ရာ အကျိုးတွေ ရရှိနိုင်ခဲ့ပါတယ်။

အမေရိကန်အဖို့ ဥရောပဟာ ဘယ်တုန်းကမှ တန်းတူရည်တူ ဖြစ်တဲ့ မဟာမိတ် မဟုတ်ဘဲ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးရေးကို ထိန်းသိမ်းကာကွယ်ဖို့ အောက်ခံကျောက်တုံး ဖြစ်ပါတယ်။

ဥရောပနိုင်ငံများက အမေရိကန် ပြုလုပ်တဲ့ ထောင်ချောက်ထဲမှ ထွက်သင့်ပြီလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။

Share this story on

Messenger Pinterest LinkedIn