မြန်မာဘာသာ

ယူကရိန်းက “ဇီဝသုတေသနအဆောက်အအုံ” ကို ငြင်းဆို၊ အမေရိကန်ကဝန်ခံခဲ့

criPublished: 2022-03-10 16:57:24
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန်သည် ဇီဝလက်နက် ရောဂါပိုးမွှားများအပါအဝင် သက်ဆိုင်ရာသုတေသနများပြုလုပ်ရန် ယူကရိန်းတွင် ဇီဝဓာတ်ခွဲခန်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားသောကွန်ရက်တစ်ခုကို ပြုလုပ်ပြီးဖြစ်ကြောင်းယခုရက်ပိုင်းတွင် ရုရှားကပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကယင်းအချက်ကို ငြင်းဆိုခဲ့သော်လည်းအမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Victoria Nuland က ယူကရိန်းတွင် “ဇီဝသုတေသနအဆောက်အအုံ” ရှိကြောင်း၊ အမေရိကန်သည် ယူကရိန်းနှင့်ပူးပေါင်း၍ “သုတေသနအချက်အလက်များ” ရုရှားစစ်တပ် လက်ထဲသို့ မကျရောက်စေရန် တားဆီးနေကြောင်း ၈ ရက်နေ့ကဝန်ခံခဲ့သည်။

အမေရိကန်ကိုယ်တိုင် ထုတ်ပြန်ထားသည့်အချက်အလက်များအရအမေရိကန်သည် ယူကရိန်း၌ ဇီဝဓာတ်ခွဲခန်း ၂၆ ခုနှင့် အခြားဆက်စပ်အဆောက်အအုံများရှိကြောင်းသိရသည်။ ထိုဓာတ်ခွဲခန်းများ၌ အန္တရာယ်ရှိဗိုင်းရပ်စ်ပိုးအများအပြားသိမ်းဆည်းထားသည်။

ယူကရိန်း၌ အမေရိကန်၏ ဇီဝစစ်ရေးလှုပ်ရှားမှုသည် တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် “ဇီဝလုံခြုံရေးအန္တရာယ်လျှော့ချရန် ပူးပေါင်းဆောင်ရွက်ရေး” ၊ “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအားကောင်းစေရေး” အမည်တပ်၍ တစ်ကမ္ဘာလုံးရှိနိုင်ငံ ၃၀ တွင် ဇီဝဓာတ်ခွဲခန်း ၃၃၆ ခုကိုထိန်းချုပ်ထားသည်။

အမေရိကန်၏ ရည်ရွယ်ချက်အမှန်ကဘာလဲ။ အသေးစိတ်ဘာလုပ်ခဲ့သလဲ။ အမေရိကန်သည် ၎င်း၏ ပြည်တွင်းပြည်ပဇီဝစစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းချက် ပြုလုပ်သင့်ပြီးနိုင်ငံတကာအသိုင်းအဝိုင်း၏ သံသယများကိုပြေပျောက်စေရန် ဘက်ပေါင်းစုံ၏ စိစစ်မှုကိုလက်ခံသင့်ပါသည်။

Share this story on

Messenger Pinterest LinkedIn