ယူကရိန်းသည် အမေရိကန်၏ ဇီဝလက်နက်စမ်းသပ်ရာနေရာ ဖြစ်လာ
ကုလသမဂ္ဂ ဇီဝနှင့်ဓာတုလက်နက် ရေးရာ ကော်မတီအဖွဲ့ဝင်ဟောင်း၊ ရုရှား စစ်ရေး ကျွမ်းကျင်ပညာရှင် အိဂိုနီကူလင်က အမှန်တော့ ယူကရိန်းသည် အမေရိကန်၏ ဇီဝလက်နက်စမ်းသပ်ရာနေရာ ဖြစ်လာပြီ ဖြစ်ကြောင်း မတ်လ ၉ ရက်နေ့က China Media Group မှ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။
အိဂိုနီကူလင်က ၂၀၁၉ ခုနှစ်အထိ ယူကရိန်းတွင် ထိုသို့သော ဓာတ်ခွဲခန်း ၁၆ ခု ရှိပြီး ယင်းတို့အနက် ၁၀ ခုသည် Kyiv၊ Kharkov၊Lvivနှင့် Odessa စသည့် လူဦးရေ တစ်သန်းကျော်ရှိသော မြို့များတွင် တည်ရှိကြောင်း၊ အမေရိကန်သည် အစိုးရ အဂတိလိုက်စားမှုဖြစ်သော သို့မဟုတ် အမေရိကန်ကို မှီခိုအားကိုးသော နိုင်ငံများတွင် ဤလိုမျိုး ဇီဝဓာတ်ခွဲခန်းများကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။