မြန်မာဘာသာ

ရုရှားအနုပညာရှင်များ ပိတ်ဆို့အရေးယူခံရ၊ ကြောင်များလည်း ပိတ်ဆို့အရေးယူခံရ သည့်အပေါ် သင်ဘယ်လိုမြင်ပါသလဲ။

criPublished: 2022-03-10 17:00:14
Share
Share this with Close
Messenger Pinterest LinkedIn

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားလာကတည်းက အမေရိကန် စသည့် အနောက်နိုင်ငံ များသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြား ပြုလုပ်ခဲ့သည်။ ဘဏ္ဍာရေး၊ စွမ်းအင်လုပ်ငန်းများအပြင် အနုပညာနယ်ပယ်အထိ ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ လုပ်ဆောင်ခဲ့သည်။ မကြာသေးမီက အနောက်နိုင်ငံများသည် ရုရှားအနုပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းခဲ့ပြီး ဖျော်ဖြေမှုကို ပိတ်ပင်ခဲ့သည်။

ဖျော်ဖြေမှုပိတ်ပင်ခြင်းမခံရမီတွင် အမျိုးသမီးအော်ပရာအဆိုတော် Anna Netrebko က “အနုပညာရှင်၊ လူသိရှင်ကြားပုဂ္ဂိုလ်များအား ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားစေပြီး မိမိ၏နိုင်ငံကို အပြစ်တင်ရန် တွန်းအား ပေးခြင်းသည် မှန်ကန်မှုမရှိကြောင်း၊ မိမိသည် အနုပညာရှင်တစ်ဦးဖြစ်ပြီး မိမိ၏ ရည်ရွယ်ချက်မှာ အားလုံးကို စည်းလုံးညီညွတ်စေပြီး နိုင်ငံရေးကွဲလွဲမှုများကို ကျော်ဖြတ်ရန် ဖြစ်ကြောင်း” လူမှုကွန်ရက်၌ ပြောကြားခဲ့သည်။

အင်တာနက်အသုံးပြုသူများက “နောက်တစ်ဆင့်မှာ သူတို့က ရုရှားစာရေးဆရာ တွေရေးတဲ့ စာအုပ်တွေကို မီးရှို့တော့မယ် ထင်တယ်။” ၊ “ဒီလိုလုပ်တာ မိုက်မဲလွန်းတယ်။ ဒါက ရုရှားအတွက်မဟုတ်ဘဲ အနောက်နိုင်ငံတွေရဲ့ ဆုံးရှုံးမှုပဲ။” ၊ “ဒီပိတ်ဆို့အရေးယူမှု အားလုံးက လက်ရှိကွဲလွဲမှုကို ပိုပြီးကြီးမားလာစေမှာပါ။” ၊ “အနောက်နိုင်ငံတွေရဲ့ စံနှစ်မျိုးကို မြင်နေရတယ်…” ၊ “သနားစရာကောင်းပြီး ပျော့ညံ့တဲ့ လုပ်ရပ်ပဲ” ဟု သရော် ပြောကြားကြသည်။

ပို၍ရယ်စရာကောင်းသည်မှာ “နိုင်ငံတကာကြောင်ချစ်သူများအဖွဲ့ချုပ်” (FIFe) သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ၎င်း၏ တရားဝင်ဝက်ဘ်ဆိုဒ်၌ ကြေညာခဲ့သည်။ ပိတ်ဆို့အရေးယူမှုများမှာ ရုရှားပြည်တွင်း၌ မွေးမြူထားသောကြောင်များ တင်သွင်းခြင်း၊ ရုရှားပြည်တွင်းပြပွဲပြသသူများ မွေးမြူထားသော ကြောင်များ တင်သွင်းခြင်း၊ ၎င်းအဖွဲ့အစည်းမှ ကျင်းပသည့် မည်သည့်ပြပွဲတွင်မှ ပါဝင်ခွင့်မပြုခြင်းတို့ အပါအဝင် ဖြစ်သည်။

အင်တာနက်အသုံးပြုသူများက “အမေရိကန်နဲ့ NATO က ကြောင်တွေကိုတောင် ကြောက်နေပြီလား” ဟု သရော်ခဲ့ကြသည်။

Share this story on

Messenger Pinterest LinkedIn