မြန်မာဘာသာ

အမေရိကန်ကရုရှား-ယူကရိန်းပဋိပက္ခအတွက်အဓိကတာဝန်ခံသင့်ဟုနိုင်ငံရေးပညာရှင် John Mearsheimerပြော

criPublished: 2022-03-10 16:47:56
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန် “The New Yorker” မဂ္ဂဇင်းဝက်ဘ်ဆိုဒ်ကမတ်လ၁ရက်နေ့တွင် “အဘယ်ကြောင့် John Mearsheimerကယူကရိန်းအန္တရာယ်အတွက်အမေရိကန်အားအပြစ်တင်သနည်း”ခေါင်းစဉ်ဖြင့်ဆောင်းပါးဖော်ပြခဲ့သည်။

နိုင်ငံရေးပညာရှင် John Mearsheimerသည်စစ်အေးပြီးဆုံးပြီးနောက်နာမည်အကျော်ဆုံးအမေရိကန်နိုင်ငံခြားရေးမူဝါဒကိုဝေဖန်သူများထဲမှတစ်ဦးဖြစ်သည်။နှစ်ပေါင်းများစွာအတွင်း၌ John Mearsheimerကအမေရိကန်ကနေတိုးအဖွဲ့အရှေ့ဘက်သို့တိုးချဲ့ပြီးယူကရိန်းနှင့် “ချစ်ကြည်မှုဆက်ဆံရေး”ဆိုသည်အားထူထောင်ခိုင်းခြင်းသည်နျူကလီးယားနိုင်ငံကြီးများအကြားစစ်ပွဲဖြစ်ပွဲနိုင်ခြေကိုတိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟုအမြဲတစေယူဆခဲ့သည်။လက်ရှိတွင်ရုရှား-ယူကရိန်းပဋိပက္ခကြောင့်အမေရိကန်-ရုရှားဆက်ဆံရေးနှင့်ပတ်သက်သည့်ကာလကြာရှည်စွာတည်ရှိနေသောအငြင်းပွားမှုအချို့အားထပ်မံဖြစ်ပေါ်လာစေသည်။ John Mearsheimerကပူတင်အားဒေါသထွက်အောင်လှုံ့ဆော်သည့်တာဝန်သည်အမေရိကန်ကြောင့်ဖြစ်သည်ဟူသောမိမိ၏သဘောထားကိုခိုင်မြဲစွာယူဆထားသည်။

Share this story on

Messenger Pinterest LinkedIn