ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍တရုတ်နိုင်ငံအားအမည်ဖျက်သည့်အမေရိကန် “အမည်မဖော်လိုသူအဆင့်မြင့်အရာရှိ”သည်အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှဖြစ်
ဖေဖော်ဝါရီလ၂၅ရက်နေ့နှင့်မတ်လ၂ရက်နေ့တွင် “The New York Times” ကနှစ်ကြိမ်တိုင် “အမေရိကန်အမည်မဖော်လိုသူအဆင့်မြင့်အရာရှိ”၏ပြောကြားချက်အရတရုတ်နိုင်ငံသည် “ရုရှားကယူကရိန်းအပေါ်စစ်ရေးလှုပ်ရှားမှုမတိုင်မီကပင်ရုရှား၏အစီအစဉ်နှင့်ရည်ရွယ်ချက်အားသိရှိပြီးဖြစ်သည်” “ရုရှားအားပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲမတိုင်မီလှုပ်ရှားမှုမပြုလုပ်ရန်တောင်းဆိုသည်”ဟုဖော်ပြခဲ့သည်။ဆောင်းပါးကယင်းကိုအကြောင်းပြု၍တရုတ်သည် ရုရှားဘက်၌ ရပ်တည်သည်၊ အမေရိကန်က ယူကရိန်းအခြေအနေတွင် မီးလောင်ရာလေပင့်မှု ပြုလုပ်ခြင်းကို ပြစ်တင်သည်၊ အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်မှုကိုကန့်ကွက်သည်ဟုလည်း ပြစ်တင်ပြောဆိုသည်။ အမေရိကန်မီဒီယာ၏ဆောင်းပါးနှင့်စပ်လျဉ်းပြီးအမေရိကန်ကမဟုတ်မမှန်သည့်အချက်အလက်များဖန်တီးကာတရုတ်ပုံရိပ်အားအမည်ဖျက်သည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောဆိုခွင့်ရပုဂ္ဂိုလ်ကသတင်းစာရှင်းလင်းပွဲ၌ငြင်းဆိုချေပခဲ့ပြီးဖြစ်သည်။ “Global Times” သတင်းထောက်ကသတင်းအရင်းအမြစ်များစွာမှအခြေအနေကိုသိရှိခဲ့ပြီးအဆိုပါဆောင်းပါးပါ “အမည်မဖော်လိုသူအဆင့်မြင့်အရာရှိ”ဆိုသည်မှာအိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှဖြစ်သည်ဟုသိရှိခဲ့သည်။
“အမည်မဖော်လိုသူအဆင့်မြင့်အရာရှိပြောကြားသည်”နည်းလမ်းမှတစ်ဆင့်သတင်းတုများထုတ်လွှင့်၍လူထုအားအထင်လွဲမှားအောင်ဆောင်ရွက်ခြင်းသည်အမေရိကန်၏သုံးနေကျနည်းလမ်းဖြစ်သည်ကိုလည်း “Global Times” သတင်းထောက်ကသတိပြုမိခဲ့သည်။