ယူကရိန်းနိုင်ငံတွင်ရှိနေသေးသော တရုတ်နိုင်ငံသားများ ကျေးဇူးပြုပြီး ထွက်ခွာကြပါရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး၊ ယာယီဆုတ်ခွာလေယာဉ်(၇)စီး တရုတ်နိုင်ငံသို့ ရောက်ရှိ
လက်ရှိတွင် ယူကရိန်းအခြေအနေ တင်းမာမှုများ ဆက်လက်တိုးနေသည့်အတွက် မလုံခြုံမှု များ၊ မတည်ငြိမ်မှုများ လွန်စွာ များပြားနေပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနှင့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ရုံးများမှ ဒေသတွင်းရှိနေသေးသော တရုတ်နိုင်ငံသားများအား အမြန်ဆုံးထွက်ခွာရန် သတိပေးခဲ့ပါသည်။ မတ်လ ၉ရက်နေ့ မနက်အထိ ယူကရိန်းမှ ထွက်ခွာလာသည့် တရုတ်နိုင်ငံသားများအား တင်ဆောင်လာသည့် ယာယီလေကြောင်းလိုင်း၏ (၇)စီးမြောက်လေယာဉ်သည် တရုတ်နိုင်ငံ၊ လန်ကျိုးမြို့သို့ ဘေးကင်းစွာ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။