ဘာဖြစ်လို့၊အမေရိကန်တို့က ရုရှား-ယူကရိန်းပဋိပက္ခမှာ မီးထိုးပေးနေတာလဲ။ အဖြေမှန်ကဒီမှာပါ။
ရုရှား-ယူကရိန်းအနေအထား ဆက်လက်တင်းမာနေပြီး တစ်ကမ္ဘာလုံး၏ ဂရုပြုမှုကိုခံနေရပါသည်။ ယခုတစ်ကြိမ် ပဋိပက္ခအတွင်း အမေရိကန်တို့သည် ဖျန်ဖြေပေးနေသည်ဟု ထင်ရသော်လည်း အမှန် တကယ်တွင် မီးထိုးပေးနေခြင်းသာဖြစ်ပြီး စစ်ပွဲအတွင်းအပြင်တို့တွင် တိုက်ပွဲများ ပြင်းထန်စေရန် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
၎င်းတို့ထဲတွင် အမေရိကန်တို့မှ အနောက်တိုင်းနိုင်ငံများနှင့် လက်တွဲကာ ရုရှားနိုင်ငံအပေါ် ဆောင်ရွက်သည့် ပိတ်ဆို့မှုလုပ်ရပ်များသည် နိုင်ငံတကာဈေးကွက်အား ပြင်းထန်စွာ လှုပ်ခပ် သွားစေပါသည်။
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံမှူးဟောင်း တရုတ်နိုင်ငံပြည်သူ့တက္ကသိုလ် ချုံရန် ဘဏ္ဍာရေးကောလိပ် အဆင့်မြင့်သုတေသီဟယ်ဝေဝင်မှ လက်ရှိကမ္ဘာ့ဈေးကွက်၏ ငလျင်လှုပ်ခပ်မှုများ အားလုံးတွင် အကျိုးရရှိသူမှာ အမေရိကန်နိုင်ငံသာဖြစ်သည်ဟု ဆိုထားပါသည်။