မြန်မာဘာသာ

WHO ၏ ပထမဆုံးအသုတ် ထောက်ပံ့ကူညီသည့်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိ

criPublished: 2022-03-08 13:50:18
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ပြောဆိုခွင့်ရပုဂ္ဂိုလ် Tarik Jasarevic က ယူကရိန်း Luiv မြို့၌ WHO ၏ ပထမဆုံးအသုတ် ထောက်ပံ့ကူညီသည့်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး အဆိုပါ ဆေးကုသရေးပစ္စည်းများအား ယူကရိန်းနိုင်ငံဒေသအသီးသီးရှိ ကျန်းမာရေး ဌာနများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

WHO ၏ ပထမဆုံးအသုတ် ထောက်ပံ့ကူညီသည့်ပစ္စည်းများတွင် ဆေးကုသရေး ပစ္စည်း ၃၆ တန်ပါဝင်ပြီး အဓိကအားဖြင့် ဒဏ်ရာရရှိသူများ ကုသရေးနှင့် ခွဲစိတ်မှု ခံယူရာတွင် အသုံးပြုသည်။ ထို့ပြင် အခြားရောဂါများကုသရန်အတွက် အခြေခံဆေးဝါး ပစ္စည်းများလည်း ပါဝင်သည်။ လက်ရှိတွင် WHO က ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနနှင့် အသေးစိတ်လိုအပ်ချက်များ ဆွေးနွေးအတည်ပြုလျက်ရှိပြီး အနာဂတ်တွင် ယူကရိန်းသို့ ပစ္စည်းများ အတတ်နိုင်ဆုံး ပို့ဆောင်သွားမည်ဖြစ်သည်။

Share this story on

Messenger Pinterest LinkedIn