မြန်မာဘာသာ

အနောက်နိုင်ငံများ “တိတ်ဆိတ်နေသည်” ဟု Zelenskyy ထပ်မံအပြစ်တင်

criPublished: 2022-03-08 10:47:11
Share
Share this with Close
Messenger Pinterest LinkedIn

၆ ရက်နေ့တွင် ယူကရိန်းသမ္မတ Zelenskyy သည် အနောက်နိုင်ငံများ “တိတ်ဆိတ်နေသည်” ဟု ထပ်မံ အပြစ်တင်ခဲ့သည်။ ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး လုပ်ဆောင်နေသေးသော်လည်း အနောက် နိုင်ငံများက ယင်းအပေါ် “အရေးတယူမရှိ” ဟု ၎င်းက ပြောကြားသည်။

ယူကရိန်းသမ္မတ Zelenskyy က “(အနောက်နိုင်ငံများက) တုံ့ပြန်မှုမရှိဘဲ နှုတ်ဆိတ်နေခြင်းကြောင့် အနောက် နိုင်ငံခေါင်းဆောင်တွေဟာ ယနေ့ည (၆ ရက်နေ့ည) မှာ ဖျက်သိမ်းလိုက်ပုံရတယ်။ အနည်းဆုံး အနောက်နိုင်ငံတွေက ဒါကို နောက်ပိုင်းမှာ သတိပြုမိကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်” ဟု ပြောကြားသည်။

တစ်ဖက်တွင်လည်း ထိုနေ့တွင်ပင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Linda Thomas-Greenfield က အမေရိကန်သည် ရုရှားနှင့် တိုက်ခိုက်ရန် ယူကရိန်းသို့ တပ်ဖွဲ့စေလွှတ်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Linda Thomas-Greenfield က “ဒီစစ်ပွဲကို အမေရိကန်နဲ့ ရုရှားစစ်ပွဲအဖြစ် အရှိန်မြှင့်ဖို့ အမေရိကန်က မြေပြင် သို့မဟုတ် လေတပ်အဖွဲ့တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတ Biden က ရှင်းရှင်းလင်းလင်း ပြောကြားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခြား ဖြစ်နိုင်သမျှ နည်းလမ်းများနဲ့ ယူကရိန်းကို ပံ့ပိုးမယ်လို့လည်း ကျွန်မတို့က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်” ဟု ပြောကြားသည်။

ယင်းမတိုင်မီက NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ၄ ရက်နေ့တွင် ကျင်းပသည့် NATO နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီး၌ NATO သည် ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ယူကရိန်း၏တောင်းဆိုချက်အတိုင်း ၎င်း၏ဝေဟင်၌ လေယာဉ်မပျံသန်းရဇုန် ထူထောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn