မြန်မာဘာသာ

နိုင်ငံတကာရေနံစိမ်းဈေးနှုန်း ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်

criPublished: 2022-03-08 10:48:26
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၇ ရက်နေ့တွင် ရုရှား-ယူကရိန်းအခြေအနေများကြောင့် နိုင်ငံတကာ စွမ်းအင် ဈေးကွက်သည် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ကမ္ဘာ့ရေနံဈေးနှုန်း အခြေခံစံနှုန်းဖြစ်သည့် Brent ရေနံစိမ်းသည် ဈေးဖွင့်ချိန်တွင် တစ်စည်လျှင် ၁၃၉ ဒေါ်လာအထက်သို့ မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာ ၁၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။

လက်ရှိတွင် ဥရောပဒေသ ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ၁၂% ခန့် ထပ်မံမြင့်တက်နိုင်သေးကြောင်း သက်ဆိုင်ရာနယ်ပယ်မှပုဂ္ဂိုလ်များက သတိပေးခဲ့သည်။

စွမ်းအင်အကျပ်အတည်းသည်လည်း စတော့ရှယ်ယာဈေးကွက်အပေါ် အရိပ်ကျရောက်စေပါသည်။ လန်ဒန်၏ FTSE 100 Index သည် အစောပိုင်းအရောင်းအဝယ်တွင် ၂% ကျော် ကျဆင်းခဲ့ပြီး ပြင်သစ်နှင့် ဂျာမနီ၏ အဓိက စတော့အိတ်ချိန်းများသည် အစောပိုင်းအရောင်းအဝယ်တွင် ၄% ကျော် ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်တစ်ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony John Blinken က Biden အစိုးရနှင့် ၎င်း၏ မဟာမိတ်များသည် ရုရှား ရေနံတင်ပို့မှုကို ထပ်ဆင့်တားမြစ်ရေးအတွက် ဆွေးနွေးနေကြကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ ရေနံတင်ပို့မှုသည် ဥရောပ၏ စုစုပေါင်းရေနံထောက်ပံ့မှု၏ ၃၀% ရှိကြောင်း သိရှိရသည်။

Share this story on

Messenger Pinterest LinkedIn