ယူကရိန်းလေတပ်အား အခြေခံအားဖြင့် လက်နက်ဖြုတ်သိမ်းလိုက်ပြီဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဒေသစံတော်ချိန် မတ်လ ၆ ရက်နေ့တွင် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသည် သတင်းစာရှင်းလင်းပွဲကျင်းပ၍ ရုရှား၏ ယူကရိန်းအပေါ် စစ်ဆင်ရေး နောက်ဆုံးတိုးတက်မှု အခြေအနေကို အသိပေးခဲ့သည်။
ရုရှားစစ်တပ်သည် ယူကရိန်းတပ်ဖွဲ့ လေတပ်အား အခြေခံအားဖြင့် လက်နက် ဖြုတ်သိမ်းခဲ့ပြီး ဒေသတွင်းအိမ်နီးချင်းနိုင်ငံများအား ယူကရိန်းတိုက်လေယာဉ်များအတွက် အခြေစိုက်စခန်းအဖြစ် လေဆိပ်များ မပံ့ပိုးပေးရန် သတိပေးထားကြောင်း အစီရင်ခံစာ၌ ပြောကြားသည်။
ရုရှားသည် စစ်ဆင်ရေးလှုပ်ရှားမှုအတွင်း၌ အမေရိကန်ကထောက်ပံ့ထားသော၊ ယူကရိန်းပြည်တွင်း၌ ဆောင်ရွက်သော စစ်ရေးဇီဝဗေဒအစီအစဉ်ကို တွေ့ရှိ ခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှားနယ်စပ်အနီးရှိ ယူကရိန်းဇီဝဓာတ်ခွဲခန်း အများအပြားသည် ယခင်က ဇီဝနှင့် ဓာတုလက်နက်များ သုတေသနပြုထုတ်လုပ်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ ရုရှားက ယူကရိန်းအပေါ် စစ်ဆင်ရေးစတင်ပြီးနောက် ယင်းဓာတ်ခွဲခန်းများသည် ပလိပ်ရောဂါ၊ Anthrax နှင့် ကာလဝမ်းရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များကို အရေးပေါ် ဖျက်ဆီးပစ်ခဲ့သည်။ လက်ရှိတွင် ရုရှားကသက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။