မြန်မာဘာသာ

IAEA – Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့ လုံးဝထိန်းချုပ် ထားပြီးဖြစ်

criPublished: 2022-03-07 13:39:51
Share
Share this with Close
Messenger Pinterest LinkedIn

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ၆ ရက်နေ့တွင် အဆိုပါ အဖွဲ့အစည်းက ယူကရိန်းသက်ဆိုင်ရာဌာန၏ အစီရင်ခံတင်ပြမှုကို လက်ခံရရှိခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို မူလဝန်ထမ်းများက ဆက်လက်ဆောင်ရွက် လည်ပတ်နေသော်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ အုပ်ချုပ်ရေးအပိုင်းတာဝန်ရှိသူသည် အဆိုပါ နျူကကလီးယား ဓာတ်အားပေးစက်ရုံကို ထိန်းချုပ်ထားသော ရုရှားတပ်ဖွဲ့တပ်မှူး၏ အမိန့်ကို လက်ခံထားပြီး ဖြစ်သည်။ နျူကလီးယားဓာတ်ပေါင်းဖိုခြောက်ခု၏ သက်ဆိုင်ရာ နည်းပညာ လုပ်ဆောင်ချက်များအပါအဝင် နျူကလီးယားဓာတ်အားပေးစက်ရုံ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူ၏ မည်သည့်လှုပ်ရှားမှုမဆို ရုရှားတပ်ဖွဲ့တပ်မှူး၏ ကြိုတင်ခွင့်ပြုချက် ရယူရန် လိုအပ်သည်။

ထို့ပြင် ယူကရိန်းသက်ဆိုင်ရာဌာန၏ ပြောဆိုချက်အရ ရုရှားတပ်ဖွဲ့သည် အင်တာနက် စက်ပစ္စည်းအချို့ကို ပိတ်ထားပြီးဖြစ်သဖြင့် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ယုံကြည်ဖွယ် အချက်အလက်များကို မရယူနိုင်ပါ။ လက်ရှိတွင် အထိုင်ဖုန်း၊ အီးမေးလ်နှင့် ဖက်စ်များ မလည်ပတ်နိုင်တော့သော်လည်း မိုဘိုင်းဖုန်းမှာမူ ဆက်လက်အသုံးပြုနိုင်ဆဲဖြစ်ပြီး အရည်အသွေး အလွန်ကျဆင်းနေသည်။

Share this story on

Messenger Pinterest LinkedIn