မြန်မာဘာသာ

ယူကရိန်းပြည်ပြေးအစိုးရအား မည်သို့ကူညီပံ့ပိုးရန် စဉ်းစားနေကြောင်း အမေရိကန်အရာရှိ ပြောကြား

criPublished: 2022-03-07 13:37:50
Share
Share this with Close
Messenger Pinterest LinkedIn

ယူကရိန်းသမ္မတဇယ်လန်းစကီး မြို့တော် Kiev မှ မဖြစ်မနေထွက်ခွာရပါက ၎င်းအခြေအနေမျိုး၌ ယူကရိန်းပြည်ပြေးအစိုးရအား မည်သို့ကူညီပံ့ပိုးနိုင်ရန် အမေရိကန်နှင့် ဥရောပအစိုးရအရာရှိများက တောက်လျှောက်ဆွေးနွေးနေကြသည်ဟု အခြေအနေနှင့် နီးစပ်သည့် အမေရိကန်အရာရှိများထံမှ သိရသည်။ ဆွေးနွေးမှုများတွင် ယူကရိန်းအစိုးရ အရာရှိများအား ယူကရိန်းအနောက်ပိုင်း Lviv သို့ ပြောင်းရွှေ့နိုင်ရန် ကူညီပံ့ပိုးခြင်း၊ သို့မဟုတ် ၎င်းတို့ ယူကရိန်းမှ လုံးလုံးလျားလျားထွက်ခွာရန်နှင့် ပိုလန်တွင် ပြည်ပြေး အစိုးရတစ်ရပ် ထူထောင်ရန် ဖြစ်နိုင်ခြေများပါဝင်သည်။ သို့သော် ဤဆွေးနွေးမှုများသည် ပဏာမသာဖြစ်ပြီး လက်တွေ့ဆုံးဖြတ်ချက်များ မပါဝင်သေးပေ။

Share this story on

Messenger Pinterest LinkedIn