တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒသမအကြိမ်မြောက် အစည်းအဝေးကို ဗီဒီယိုဖြင့် ကျင်းပမည်
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်ဟန်ကျင့်သည် ယခုလ ၂၆ ရက်နေ့တွင် ကာဇက်စတန် ပထမ ဒုဝန်ကြီးချုပ် စမိုင်လိုးဗ် နှင့် ဗီဒီယို ပုံစံဖြင့် တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒသမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပမည်ဟု ယခုလ ၂၄ ရက်နေ့က ကြေညာခဲ့သည်။