မြန်မာဘာသာ

နိုင်ငံတစ်ချို့တလေမှ စီးပွားကုန်သွယ်ရေးပြဿနာကို နိုင်ငံရေးကိစ္စ အဖြစ် လုပ်ခြင်းသည် နောက်ဆုံးတော့ သူများအကျိုး ထိခိုက်စေပြီး ကိုယ်ကျိုးလည်း နစ်နာမည်ဟု တရုတ် ဆို

criPublished: 2021-11-25 15:28:34
Share
Share this with Close
Messenger Pinterest LinkedIn

နိုင်ငံတစ်ချို့တလေသည် မဟာမိတ်နိုင်ငံနှင့်အတူ နိုင်ငံတော်အင်အားကို အလွဲ သုံးစားပြီး စီးပွားကုန်သွယ်ရေးပြဿနာကို နိုင်ငံရေးကိစ္စ၊ လက်ကိုင်တုတ်နှင့် နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ်ကိစ္စ အဖြစ် လုပ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်များသည် နိုင်ငံတကာကုန်သွယ်ရေး စည်းကမ်းများကို ဖျက်ဆီးပြီး တစ်ကမ္ဘာလုံး ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်ကာ တစ်ကမ္ဘာလုံး ဈေးကွက်ကို ခွဲပစ်လိုက်သည့်အပြင် နောက်ဆုံးတော့ သူများအကျိုး ထိခိုက်စေပြီး ကိုယ်ကျိုးလည်း နစ်နာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၂၄ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အလေးထား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn