မြန်မာဘာသာ

ကြက်ဆင် ဈေးနှုန်း မြင့်တက်လာခြင်းသည် အမေရိကန်အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်

criPublished: 2021-11-25 15:29:52
Share
Share this with Close
Messenger Pinterest LinkedIn

ယခု ကြာသပတေးနေ့သည် အမေရိကန်၏ Thanksgiving Day ဖြစ်သည်။ မိသားစုများ ဆုံစည်းပြီး ကြက်ဆင်ကင်ကို စားကြခြင်းသည် ၄င်းပွဲတော်နေ့၏ အရေးကြီး ဓလေ့ထုံးစံ ဖြစ်သည်။ သို့သော် အမေရိကန် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ စာရင်းအရ ယခုနှစ် ကြက်ဆင်၏ လက်ကားဈေးသည် ယမန်နှစ်ကထက် ၂၁ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ဈေးကြီးသည့် Thanksgiving Dayအစာသည် အမေရိကန် ပြည်သူများ အပေါ် ကုန်ဈေးနှုန်းမြင့်တက်မှုမှ ထိခိုက်မှုကို ရောင်ပြန်ထင်ဟပ်နေသည်။ စားသောက်ကုန်၊ စွမ်းအင်နှင့် မော်တော်ယာဉ် အပါအဝင် ကုန်ပစ္စည်းမျိုးစုံ၏ ဈေးနှုန်းသည် အဆမတန် မြင့်တက်လာသည်။ သက်ဆိုင်ရာ စာရင်းအရ အောက်တိုဘာလတွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လွန်ခဲ့သည့် ၃၁နှစ်ခန့် အတွင်း အမြင့်ဆုံး ဖြစ်လာကြောင်း သိရသည်။

မကြာခင်က အမေရိကန် အစိုးရမှ ကျင့်သုံးဆောင်ရွက်သော အမေရိကန်ဒေါ်လာ trillionပေါင်း များစွာ ရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းသည် ဝယ်လိုအားကို တိုးမြှင့်ခဲ့ကြောင်း၊ သို့သော် ကိုဗစ် ၁၉ ကပ်ရောဂါ ထိရောက်စွာ တိုက်ဖျက်မှု မရှိခြင်းသည် လုပ်အားဈေးကွက် နာလန်ပြန်ထူခြင်းကို နှေးကွေးစေခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ကမ္ဘာတစ်ဝန်း ကပ်ရောဂါ အခြေအနေ၏ ထိခိုက်မှုကြောင့် ထောက်ပံ့ရေး စနစ် လည်ပတ်မှုသည် အဆင်မပြေကြောင်း၊ စီးပွားရေး နာလန်ပြန်ထူလာသည့် အရှိန်သည် ငွေကြေးဖောင်းပွမှု အရှိန်ထက် ပိုမြန်မည်ဟု အမေရိကန် ဗဟိုဘဏ်က ခန့်မှန်းရသောကြောင့် ကျဉ်းကျုံ့စေမှု ပေါ်လစီကို ကျင့်သုံးဆောင်ရွက်ခြင်း မရှိကြောင်း၊ အထက်ပါ အကြောင်းရင်းများကြောင့် အမေရိကန်၏ ငွေကြေးဖောင်းပွမှုသည် ဆက်တိုက် မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု ရေရှည်တည်ရှိရန် အန္တရာယ်လည်း တစ်ဆင့်တိုးပွားလာကြောင်း၊ ထို့အပြင် ယခုအကြိမ် အမေရိကန် အစိုးရက တရုတ်ထုတ်ကုန်ပစ္စည်းများ အပေါ် အခွန်မြင့် ကောက်ယူရေး မူဝါဒကို ဆက်လက် ကျင့်သုံးနေခြင်းသည် အမေရိကန်၏ ကုန်ဈေးနှုန်း မြင့်တက်ခြင်း အပေါ် မီးလောင်ရာလေပင့်ရာ ကျရောက်ကြောင်း China Media Groupက ဖော်ပြသည်။

ကြက်ဆင် ဈေးနှုန်း မြင့်တက်လာခြင်းသည် အမေရိကန်အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံရေး သမားများသည် နိုင်ငံရေး ကိုယ်ကျိုးကို ဘေးဖယ်ထားပြီး ကပ်ရောဂါ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်ရန် ဆောင်ရွက်ကာ အမေရိကန် ပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီ၍ နိုင်ငံတကာ မိသားစုကြီး အပေါ် တာဝန်ယူသော မူဝါဒကို ချမှတ်ရမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn