မြန်မာဘာသာ

ထိုင်ဝမ်အား “ခေါင်းဆောင်များ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” သို့ တက်ရောက်ရန် ကန်မှ ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်က ပြတ်သားစွာကန့်ကွက်

criPublished: 2021-11-25 15:28:10
Share
Share this with Close
Messenger Pinterest LinkedIn

ထိုင်ဝမ်အား “ခေါင်းဆောင်များ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” သို့ တက်ရောက်ရန် အမေရိကန်ဘက်မှ ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်က ပြတ်သားစွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၂၄ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အလေးထား ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယခုတလော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ခေါင်းဆောင်များ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”သို့ ဖိတ်ခေါ်ခံရသည့် အမည်စာရင်းထဲတွင် ထိုင်ဝမ် ပါဝင်သည်ဟု သိရပါသည်။

ကျောက်လိကျန်းက ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်ပြည်တစ်ပြည်လုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲမရသောအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒသည် အများ အသိအမှတ်ပြုကြသော နိုင်ငံတကာဆက်ဆံရေးမူဝါဒဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပြည်၏ အစိတ်အပိုင်းအနေနှင့် အခြားနိုင်ငံတကာဥပဒေ ဆိုင်ရာ အဆင့်နေရာ မရှိကြောင်း ပြောကြားပါသည်။

Share this story on

Messenger Pinterest LinkedIn