မြန်မာဘာသာ

ရှီကျင့်ဖိန်သည် လန်ဆန်း-မဲခေါင် တစ်လျှောက်လုံးက နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး

criPublished: 2022-03-27 13:22:51
Share
Share this with Close
Messenger Pinterest LinkedIn

၂၀၁၆ခုနှစ်က လန်ဆန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စနစ် စတင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် လန်ဆန်း-မဲခေါင် တစ်လျှောက်လုံးက နိုင်ငံများ၏ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးပြီး ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၄င်းသည် လန်ဆန်း-မဲခေါင် တစ်လျှောက်လုံးက နိုင်ငံများကို ကြိမ်ဖန်များစွာ ခရီးလှည့်လည်ပြီး နိုင်ငံ အသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့သည်။ ရှီကျင့်ဖိန်သည် လန်ဆန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးတွင် ရရှိခဲ့သော အောင်သီးအောင်နှံများစွာကို အတည်ပြုပြီး “လန်ဆန်း-မဲခေါင် အရှိန်”၊ “လန်ဆန်း-မဲခေါင် စွမ်းဆောင်ရည်”နှင့် တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ရင်းစေတနာနှင့် အပြန်အလှန် ကူညီပံ့ပိုးမှု ရှိသည့် “လန်ဆန်း-မဲခေါင် ယဉ်ကျေးမှု”ကို ချီးကျူးသည်။

Share this story on

Messenger Pinterest LinkedIn