မြန်မာဘာသာ

ရှီကျင့်ဖိန်သည် တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ Yoon Seok-youl နှင့် တယ်လီဖုန်း ဆက်သွယ်

criPublished: 2022-03-26 12:36:27
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ Yoon Seok-youl နှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နှင့် တောင်ကိုရီးယားတို့သည် ထာဝရ အိမ်နီးချင်းနှင့် ခွဲမရသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို အမြဲ အလေးထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတကာအသိုက်အဝန်းသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ကမ္ဘာ့သာယာဝပြောရေးကို မြှင့်တင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn