မြန်မာဘာသာ

အမေရိကန်က တရုတ်နိုင်ငံအပေါ် တိုးမြှင့်သည့် အကောက်ခွန် အားလုံးကို အမြန်ဆုံး ဖျက်သိမ်းရန် မျှော်လင့်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

criPublished: 2022-03-25 12:44:33
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၃ ရက်နေ့တွင် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက တရုတ်နိုင်ငံမှ သွင်းကုန် ၃၅၂ မျိုးအပေါ် တိုးမြှင့်သည့် အကောက်ခွန်များကို ပြန်လည် ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုကျွေထင်က ၄င်းသည် ဆက်စပ် ထုတ်ကုန်များ ပုံမှန် ကူးသန်းရောင်းဝယ်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ တစ်ဖက်သတ် အကောက်ခွန်တိုးမြှင့်ခြင်းသည် တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘာအတွက် အကျိုးမရှိကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန် ပြန်ထူရေး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရာတွင် အမေရိကန်နိုင်ငံက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံမှ စားသုံးသူများနှင့် ကုန်ထုတ်လုပ်သူများ၏ အခြေခံအကျိုးစီးပွားကိုမူတည်ပြီး တရုတ် နိုင်ငံအပေါ် တိုးမြှင့်သည့် အကောက်ခွန် အားလုံးကို အမြန်ဆုံး ဖျက်သိမ်းကာ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးဆက်ဆံမှု ပုံမှန် လမ်းကြောင်းသို့ လျှင်မြန်စွာ ရောက်ရှိစေရေးကို တွန်းအားပေးရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း မတ်လ ၂၄ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn