မြန်မာဘာသာ

UNCTAD ၏ အစီရင်ခံစာသည် တရုတ် စီးပွားရေးကို ချီးကျူး၊ ဘက်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လိုဟု တရုတ်ဆို

criPublished: 2022-03-24 16:37:45
Share
Share this with Close
Messenger Pinterest LinkedIn

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD) က မကြာမီက ထုတ်ပြန်ခဲ့သည့် သုတေသန အစီရင်ခံစာတွင် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးမူဝါဒကို ကျင့်သုံးပြီးနောက် တရုတ်နိုင်ငံ၏ မက်ခရိုစီးပွားရေး၊ ကုန်ထုတ်လုပ်မှုအဆင့်မြှင့်တင်ရေး၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေး စသည့်နယ်ပယ်က မူဝါဒဆိုင်ရာအခြေအနေနှင့် အတွေ့အကြုံများကို အသေးစိတ်ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အစီရင်ခံစာတွင် ဖေါ်ပြသကဲ့သို့ တရုတ်နိုင်ငံသည် ဂလိုဘယ်လိုက်ဇေးရှင်းသို့ တက်ကြွစွာ ပေါင်းစည်းခဲ့ပြီး ကမ္ဘာ့တန်ဖိုးကွင်းဆက်နှင့် ဖြန့်ဖြူးရေးကွင်းဆက်တွင် အရေးပါသော ပါဝင်သူ ဖြစ်လာကြောင်း၊ အထူးသဖြင့် ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်ဖြန့်ဖြူးမှု တည်ငြိမ်စေရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ယခုလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn