မြန်မာဘာသာ

စတုတ္ထအကြိမ်မြောက် တရုတ်-ကျူးဘားကွန်မြူနစ်ပါတီများအကြားသဘောတရားနှီးနှော ဖလှယ်ပွဲထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာရှီကျင့်ဖိန် ပေးပို့

criPublished: 2022-03-24 16:45:20
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၃ရက်နေ့ကတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စတုတ္ထအကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီနှင့် ကျူးဘားကွန်မြူနစ်ပါတီအကြားသဘောတရားနှီးနှောဖလှယ်ပွဲထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုပေးပို့ခဲ့ပါသည်။

ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်ကတရုတ်ကွန်မြူနစ်ပါတီနှင့် ကျူးဘားကွန်မြူနစ်ပါတီသည် ကိုယ်စီနိုင်ငံတွင်ဆိုရှယ်လစ်လုပ်ငန်း၏ ခေါင်းဆောင်မှုအမြုတေဖြစ်ကြောင်း၊ အခြေအနေသစ်၊ တာဝန်သစ်နှင့် ရင်ဆိုင်ရာတွင် တရုတ်-ကျူးဘားကွန်မြူနစ်ပါတီများသည် ပါတီတည်ဆောက်မှုကိုအားသစ်လောင်းပေးပြီးခေတ်သစ် တရုတ်-ကျူးဘားဆိုရှယ်လစ်ခရီးသစ်သို့ ချီတက်ခြင်းဟူသောဆောင်ပုဒ်ဖြင့် သဘောတရားနှီးနှောဖလှယ်ပွဲကိုကျင်းပခြင်းမှာအခါအခွင့်နှင့် လျော်ညီပြီးမိမိတို့နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသောဆိုရှယ်လစ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းစူးစမ်းလေ့လာရန် အရေးကြီးသောအဓိပ္ပါယ်ရှိကြောင်းဖော်ပြပါသည်။

ရှီကျင့်ဖိန်ကတရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ကျူးဘားကွန်မြူနစ်ပါတီနှင့်အတူအရေးကြီးသဘောတရားနှင့် လက်တွေ့ကျရေးရာများအပေါ် ထင်မြင်ယူဆချက်များကိုကူးလူးဖလှယ်ပြီး နိုင်ငံတော်ရေးရာစီမံခန့်ခွဲရေးအတွေ့အကြုံများကိုအချင်းချင်းသင်ယူလေ့လာကာကိုယ်စီပါတီ၏ တည်ဆောက်မှုနှင့် ဆိုရှယ်လစ်လုပ်ငန်းအဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်းအလေးထားဖော်ပြခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီနှင့် ကျူးဘားကွန်မြူနစ်ပါတီအကြားသဘောတရားနှီးနှောဖလှယ်ပွဲကိုတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာ ဆက်သွယ်ရေးဌာနနှင့် ကျူးဘားကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနတို့ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်ပြီးမတ်လ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိဗီဒီယိုပုံစံဖြင့် ကျင်းပပါသည်။

Share this story on

Messenger Pinterest LinkedIn