မြန်မာဘာသာ

ဒုတိယအကြိမ် “ထျန်ကုန်းသင်တန်း” ကျင်းပတော့မည်

criPublished: 2022-03-23 11:46:33
Share
Share this with Close
Messenger Pinterest LinkedIn

ဒုတိယအကြိမ် “ထျန်ကုန်းသင်တန်း”ကို ယခုလ ၂၃ရက်နေ့ ညနေ ၃နာရီ မိနစ်၄၀အချိန်တွင် တရုတ် အာကာသစခန်း၌ ကျင်းပတော့မည် ဖြစ်ကြောင်း၊ ရှင်ကျိုး အမှတ် ၁၃မှ အာကာသယာဉ်မှူး ကျိုင်ကြည့်ကန်း၊ ဝမ်ယာ့ဖိန်နှင့် ယဲ့ကွမ်းဖုတို့သည် သင်ကြားပို့ချကြမည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် အာကာသယာဉ်မှူးများ၏ အာကာသတွင် တတိယအကြိမ် သင်ကြားပို့ချမှု ဖြစ်ကြောင်း တရုတ် လူပါ အာကာသ လုပ်ငန်းစဉ်ရုံးမှ သတင်းအရ သိရသည်။

ယခုအကြိမ် “ထျန်ကုန်းသင်တန်း”တွင် အာကာသ၌ ရေခဲနှင့်ဆီးနှင်းနှင့် ပတ်သက်သော စမ်းသပ်မှု အပါအဝင် သိပ္ပံပညာ စမ်းသပ်မှုများကို ပြုလုပ်ပြသပြီး အာကာသ သိပ္ပံပညာ အဆောက်အအုံများကို မိတ်ဆက်ပြသကာ ပရိသတ်များနှင့် ကူးလူးဖလှယ်မှုများလည်း ပါဝင်မည် ဖြစ်ကြောင်း၊ China Media Groupသည် ယခုအကြိမ် “ထျန်ကုန်းသင်တန်း”ကို တစ်ကမ္ဘာလုံးအား Live တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

Share this story on

Messenger Pinterest LinkedIn