မြန်မာဘာသာ

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အနိုင်ရမှု၏ အောင်ကျိုးရလဒ်ကို ထိရောက်စွာလေးစားပြီး လိုက်နာရန် ဂျပန်အား တရုတ် အလေးအနက် သတိပေးပြောကြား

criPublished: 2022-03-18 12:17:29
Share
Share this with Close
Messenger Pinterest LinkedIn

ယူကရိန်းပြဿနာဆိုင်ရာ ဂျပန်ဝန်ကြီးချုပ်၏ သက်ဆိုင်ရာ ပြောကြားချက်နှင့် ပတ်သက်၍ မတ်လ ၁၇ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အနိုင်ရမှု၏ အောင်ကျိုးရလဒ်ကို ထိရောက်စွာလေးစားပြီး လိုက်နာရန် ဂျပန်နိုင်ငံအား အလေးအနက် သတိပေးပြောကြား ခဲ့ပါသည်။

မတ်လ ၁၆ရက်နေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရုရှား-ယူကရိန်း အချင်းပွားမှုနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွှတ်ရန်လိုကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် တရုတ် နိုင်ငံအား တာဝန်ယူသင့်သော လုပ်ဆောင်မှု ပြုလုပ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ယူကရိန်းပြဿနာနှင့်ပတ်သက်၍ တရုတ် နိုင်ငံအနေဖြင့် နှစ်ဖက်အကြားဆွေးနွေးပွဲကျင်းပရန် တွန်းအားပေးလျက်ရှိကြောင်း၊ လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို တင်ပြပြီး တင်းမာ သောအခြေအနေကို လျော့ပါးစေရန် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ သမာသမတ်ကျပြီး အပြုသဘောဆောင်မှု ရှိကာ စောဒကတက်ဖွယ်ရာ မရှိကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn