မြန်မာဘာသာ

နိုင်ငံရေးစီးပွားရေး၊ ယဉ်ကျေးမှုသမိုင်း စသည့်နယ်ပယ်များနှင့် သက်ဆိုင်သည့် ကောလာဟလများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမည်ဟု နိုင်ငံတော်ဆိုင်ဘာနယ်ပယ်စီမံခန့်ခွဲမှုရုံးက ပြောကြား

criPublished: 2022-03-17 19:59:13
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်ဆိုင်ဘာနယ်ပယ်စီမံခန့်ခွဲမှုရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ 2021 Clean and Healthy Cyberspace Initiative အကြောင်း မိတ်ဆက်ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်ဆိုင်ဘာနယ်ပယ်စီမံခန့်ခွဲမှုရုံးသည် “ဆိုင်ဘာနယ်ပယ်သန့်ရှင်းရေး - အင်တာနက်ကောလာဟလများ နှိမ်နင်းခြင်း” အထူးလှုပ်ရှားမှုကို ဖော်ဆောင်၍ နိုင်ငံရေးစီးပွားရေး၊ ယဉ်ကျေးမှုသမိုင်းနှင့် ပြည်သူလူထု အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသိပညာပေးရေး စသည့်နယ်ပယ်များမှ ကောလာဟလသတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး အမှတ်တံဆိပ်ကပ်ကာ တိတိကျကျ ညွှန်ကြားမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်ပလက်ဖောင်း၏ အဓိကတာဝန်ကို စုစည်းပြီး ထိလွယ်ရှလွယ်သောနယ်ပယ်များ၊ ထိလွယ်ရှလွယ်သောကိစ္စရပ်များ ဖြစ်ပွားစေသည့် အချက်အလက်အမျိုးမျိုးကို အားကောင်းစွာ ခွဲခြားဖော်ထုတ်မည်ဖြစ်ကြောင်း၊ အကျိုးသက်ရောက်မှုကြီးမားပြီး ဖြန့်ဝေမှု ကျယ်ပြန့်သည့် တရားဝင်မဟုတ်သောလမ်းကြောင်းမှ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ စစ်ဆေးအတည်ပြုမည် ဖြစ်ကြောင်း၊ ဇာစ်မြစ်ရှာဖွေရေးယန္တရား ထူထောင်၍ ပထမဆုံးအကြိမ် ထုတ်ပြန်သော၊ အကြိမ်များစွာ ထုတ်ပြန်သော၊ အခြေအနေပြင်းထန်သော ပလက်ဖောင်းနှင့် အကောင့်များကို လေးလေးနက်နက် အရေးယူမည်ဖြစ်ကြောင်း၊ အွန်လိုင်းကောလာဟလများ စီမံခန့်ခွဲရေး လုပ်ငန်းယန္တရား ထူထောင် မြှင့်တင်မည်ဖြစ်ကြောင်း အစည်းအဝေးမှ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn