မြန်မာဘာသာ

အမေရိကန်သည် အမေရိကန် ထိပ်သီးခေါင်းဆောင်၏ ကတိက၀တ်များကို လက်တွေ့ ဖော်ဆောင်သင့်

criPublished: 2022-03-16 16:34:03
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသ စံတော်ချိန် ယခုလ ၁၄ရက်နေ့က နောက်တစ်ကြိမ် တရုတ်-အမေရိကန် အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲကို အီတလီနိုင်ငံ ရောမမြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် နိုင်ငံတကာ ဟော့ပြဿနာများနှင့် ပတ်သက်၍ ပွင့်လင်းလေးနက်စွာနှင့် အပြုသဘောဆောင်စွာဖြင့် ကူးလူးဖလှယ်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များကို အတူ လက်တွေ့ အကောင်အထည်ဖော်ဆောင်ကာ တရုတ်-အမေရိကန် ဆက်ဆံမှုကို ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်ရောက်စေရန်အတွက် အခြေအနေ ဖန်တီးပေးရန် သဘောတူကြကြောင်း CMG သတင်းအရ သိရသည်။

ယင်းသည် လွန်ခဲ့သည့် နိုဝင်ဘာလက တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ဗီဒီယို ပုံစံဖြင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် နှစ်ဖက် အဆင့်မြင့် အရာရှိများ၏ ပထမအကြိမ် အော့ဖ်လိုင်း ကူးလူးဖလှယ်မှု ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၄လ အတွင်း တရုတ်ပြည်သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့သော သဘောတူညီမှု လက်တွေ့ဖော်ဆောင်ရန် အားထုတ် ကြိုးပမ်းနေကြောင်း၊ သို့သော် အမေရိကန်သည် သက်ဆိုင်ရာ ကတိက၀တ်များကို အကောင်အထည် ဖော်ဆောင်ရန် မည်သည့် လက်တွေ့ဆောင်ရွက်မှုမျှ မရှိကြောင်း CMG က ဖော်ပြသည်။

ယခုအကြိမ် တရုတ်-အမေရိကန် အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်ပြည်သည် ထိုင်ဝမ်၊ ရှင်းကျန်း၊ ရှီးဇန့်၊ ဟောင်ကောင်နှင့် ပတ်သက်သော ပြဿနာများနှင့် စပ်လျဉ်း၍ သဘောထား ရပ်တည်ချက်များကို ထပ်မံ ရှင်းလင်းဖော်ပြပြီး ယင်းပြဿနာများသည် တရုတ်ပြည်၏ အမြုတေ အကျိုးစီးပွား ဖြစ်ကာ တရုတ် ပြည်တွင်းရေး ဖြစ်၍ ပြင်ပမှ အင်အားများက ဝင်ရောက်စွက်ဖက်၍ မရဘဲ ယင်းပြဿနာများကို အကြောင်းပြုပြီး တရုတ်ပြည်ကို ဖိနှိပ်ရန် ကြံစည်ချက်မှန်သမျှ ရှုံးနိမ့်သွားမည်ဟု ဖော်ပြကြောင်း၊ ယင်းသည် အမေရိကန်အား ရှင်းလင်းပြတ်သားပြီး တည်ကြည်လေးနက်သော သတိပေးချက် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု အတွက် တရုတ်ပြည်မှ သတ်မှတ်ထားသော အောက်ခြေ အခြေခံ စည်းမျဉ်းလည်း ဖြစ်ကြောင်း CMGက ဖော်ပြသည်။

ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော နှစ်ဖက် ဆက်ဆံမှုများတွင် တစ်ခု အပါအဝင် ဖြစ်သည့် တရုတ်-အမေရိကန် ဆက်ဆံမှု၏ အရေးကြီးပုံသည် နှစ်ဖက် ဆက်ဆံမှုကို ကျော်လွန်ပြီး ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် ထူးခြားသည့် တာဝန် ရှိကြောင်း CMGက ဖော်ပြသည်။

ရောမ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် အမေရိကန်သည် တရုတ်ပြည်နှင့် လက်တွဲ ကြိုးပမ်းဆောင် ရွက်ပြီး သမ္မတ ဘိုင်ဒင်၏ ကတိက၀တ်များကို လက်တွေ့ဖော်ဆောင်ကာ လက်တွေ့ ဆောင်ရွက် မှုဖြင့် တရုတ်ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရရှိသင့်ကြောင်း CMGက ဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn