မြန်မာဘာသာ

စီးပွားရေး နာလန်ပြန်ထူရေး အရှိန် ကောင်းမွန်လာ

criPublished: 2022-03-16 16:28:58
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အမျိုးသား စီးပွားရေးလည်ပတ်မှုစာရင်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းစာရင်းသည် ဈေးကွက်ကို ယုံကြည်မှု အားဖြည့်လာစေသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ စာရင်းအင်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖူလင်းဖွှေးက တရုတ်နိုင်ငံ၏စီးပွားရေးသည် ပြန်လည် ဦးမော့လာနေကြောင်း ပြောကြားခဲ့ပါသည်။

အသေးစိတ် ညွှန်းကိန်းများအရ ကုန်ထုတ်လုပ်မှုညွှန်းကိန်းများ ပြန်လည်ကောင်းမွန်လာခြင်း၊ စီးပွားရေးလည်ပတ်မှု သင့်လျော်သည့်အခြေအနေတွင် လည်ပတ်နေခြင်း၊ မြို့ပြ အလုပ်လက်မဲ့နှုန်း ယေဘုယျအားဖြင့် တည်ငြိမ်ခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် တိုးတက်ရေးအလားအလာကလည်း အလွန် သိသာထင်ရှားခြင်း၊ အဆင့်မြင့် နည်းပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရှိန် ကောင်းလာခြင်းတို့ ဖြစ်ပေါ်လာနေကြောင်း သိရပါသည်။

Share this story on

Messenger Pinterest LinkedIn