မြန်မာဘာသာ

ပီကင်း ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲသည် အနာဂတ် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲအတွက် စံပြမှတ်တိုင် တစ်ခု ဖြစ်ကြောင်း ကမ္ဘာ့မသန်စွမ်းသူများ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဆို

criPublished: 2022-03-15 13:41:04
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပီကင်း ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲသည် ကမ္ဘာကြီးအား ယုံကြည်စိတ်၊ ချစ်ကြည်ရေးနှင့် မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးပြီး ကမ္ဘာ့ မသန်စွမ်းသူများ အားကစားလုပ်ငန်းသမိုင်းတွင် မှတ်တမ်းတင်မည် ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ မသန်စွမ်းသူများ အိုလံပစ် အမွေအနှစ်ကို ဆက်ခံပြီး မသန်စွမ်းသူများ အိုလံပစ်အားကစားလုပ်ငန်း တိုးတက်ရေးကို မြှင့်တင်ရန်၊ ကမ္ဘာ့မသန်စွမ်းသူများလုပ်ငန်း ပိုမိုတိုးတက်ရန်၊ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးပြုစွမ်းဆောင်မှုသစ်များကို ပြုလုပ်ရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၉ ရက်ကြာ ကျင်းပသော ၂၀၂၂ခုနှစ် ပီကင်း ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကမ္ဘာ့ မသန်စွမ်းသူများ အိုလံပစ် ကော်မတီဥက္ကဋ္ဌ ဖါရှင်စီက ပီကင်း ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲသည် အံ့ဖွယ်ရာကောင်းသော၊ ဘေးကင်းလုံခြုံသော၊ ရသမြောက်သော ပွဲတော် ဖြစ်ပြီး အနာဂတ် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲအတွက် စံပြမှတ်တိုင် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn