မြန်မာဘာသာ

“အကောင်းဆုံး အကြိမ် ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစားပွဲတော်”သည် တရုတ် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်မှု အောင်ကျိုးရလဒ်သစ်များကို ပြသ

criPublished: 2022-03-15 13:41:25
Share
Share this with Close
Messenger Pinterest LinkedIn

လွန်ခဲ့သည့် ၉ရက် အတွင်း နိုင်ငံနှင့်ဒေသ ၄၆ ခုမှ မသန်စွမ်းသူ အားကစားမောင်မယ် ၆၀၀နီးပါးသည် ပီကင်း ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစားပွဲတော်တွင် “သတ္တိ၊ စိတ်ပိုင်းဖြတ်မှု၊ အားပေးအားမြှောက်ခြင်း၊ တန်းတူညီမျှခြင်း”ဟူသော မသန်စွမ်း အိုလံပစ်၏ တန်ဖိုးအမြင်ကို ပြသပြီး ကိုဗစ် ၁၉ ကပ်ရောဂါ၏ လွှမ်းမိုးမှုအောက်တွင်ရှိသော ကမ္ဘာ အတွက် ယုံကြည်မှုနှင့် အင်အားများကို ဖော်ဆောင်ပေးနေကြောင်း CMGက ဖော်ပြသည်။

ပြောထိုက်သည့် အချက်တစ်ချက် ကတော့ တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတံဆိပ်နှင့် ဆုတံဆိပ် အများဆုံး ရရှိပြီး ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစားပွဲတော်တွင် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း၊ ယင်းသည် တရုတ် မသန်စွမ်းသူများ အားကစား လုပ်ငန်း၏ မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်ခြင်းကို ပြဆိုသည့်အပြင် တရုတ် လူ့အခွင့်အရေး ထိန်းသိမ်း ကာကွယ်မှုတွင် သိသာသော အောင်မြင်မှုများကိုလည်း ပြသနေကြောင်း CMGက ဖော်ပြသည်။

ပီကင်း ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစား ပွဲတော် ချောမောအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မကြာခင် နှစ်များတွင် တရုတ် မသန်စွမ်းသူများ လုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးအား ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းကာကွယ် ခြင်းကို ရောင်ပြန်ထင်ဟပ်နေကြောင်း၊ နေရာတိုင်းတွင် တွေ့ရှိနိုင်သော အတားအဆီး မရှိသည့် အဆောက်အအုံမှ အတားအဆီး မရှိသော စမတ်(smart) ဝန်ဆောင်မှု ပလက်ဖောင်းအထိ၊ ပြိုင်ပွဲများကို လက်သင်္ကေတပြ စကားဖြင့် ထုတ်ပြန်ခြင်း စနစ်မှ ရိုးသားဖြူစင်မှုနှင့် စိတ်အားထက်သန်မှု ရှိသော စေတနာ့ ဝန်ထမ်းများအထိ ပီကင်း ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစားပွဲတော်တွင် လူမှုရေးဆိုင်ရာ အလေး ဂရုစိုက်မှုများကို အပြည့်အဝ ဖော်ပြကြောင်း၊ တရုတ်ပြည်တွင် မသန်စွမ်းသူများသည် လူမှုဘဝတွင် တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များကို အတူမျှဝေ ခံစားကြကြောင်း CMGက ဖော်ပြသည်။

ပီကင်းဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစား ပွဲတော်က လူအများ အတွက် နွေးထွေးမှုနှင့် စိတ်ထိခိုက်မိခြင်းကို ဆောင်ကြဉ်းလာသည့် တစ်ချိန်တည်းတွင် တရုတ် လူ့အခွင့်အရေး၏ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ထင်ဟပ်ကာ ကမ္ဘာအား ဘက်ပေါင်းစုံ ပါဝင်မှု ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးပုံကို ပြသ၍ ကမ္ဘာ့ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံစေရေးအတွက် တရုတ် ဥာဏ်ရည်စွမ်းကိုလည်း ထောက်ပံ့ပေးကြောင်း CMGက ဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn