မြန်မာဘာသာ

တရုတ်က ယူကရိန်းသို့ ကူညီသည့် ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ Chernivtsi သို့ ပို့ဆောင်ရောက်ရှိ

criPublished: 2022-03-13 11:22:15
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုပစ္စည်းတစ်သုတ် ယူကရိန်းနိုင်ငံ Chernivtsi ရှိ ဂိုဒေါင်သို့ ရောက်ရှိပြီး ယူကရိန်းကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။

အဆိုပါပစ္စည်းများ၌ စောင်၊ အစိုဓာတ်ခံဖျာ ၊ မျက်နှာသုတ်ပုဝါ၊ ပန်းကန်ခွက်ယောက်များ၊ ရေပုံး၊ ဓာတ်မီး စသည့် နေ့စဉ်သုံးပစ္စည်းများ ပါဝင်ပါသည်။

Share this story on

Messenger Pinterest LinkedIn