မြန်မာဘာသာ

ယနေ့ခေတ်… ရှီးဇန့် (သို့မဟုတ်) တိဘက် အပိုင်း-၁

criPublished: 2022-03-11 16:52:07
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်ပြည်ကို အလုပ်ကိစ္စနဲ့ ကျွန်မရောက်တော့ တရုတ်လူမှုကွန်ရက်မှာ ရှီးဇန့်ကသိပ်လှပတယ်။ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတယ်လို့ ရေးကြတာတွေ့တော့ သိပ်ထူးထူးခြားခြားကြီး မခံစားမိပါဘူး။ ဒါပေမယ့် ရှီးဇန့်ဆိုတာ တိဘက်လို့သိလိုက်ရချိန်မှာ ကျွန်မတို့မြန်မာနိုင်ငံနဲ့ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ရှီးဇန့်၊ ကျွန်မတို့ မြန်မာလူမျိုးတွေ ချစ်ကြတဲ့တိဘက်လူမျိုး (သို့မဟုတ်) ဇန့်လူမျိုးတွေရှိတဲ့ ရှီးဇန့်ကို အတော်လေး စိတ်ဝင်စားသွားမိပါတယ်။ အထူးသဖြင့် ယနေ့ခေတ်ရှီးဇန့် အခြေအနေအကြောင်းကို အလိုလို သိချင်သွားမိ ပါတယ်။ ရှီးဇန့်ဆိုတာ ဘယ်လိုနေရာမျိုးလဲပေါ့။

အရင်ခေတ်အခါက ကျွန်မတို့သိခဲ့တဲ့ရှီးဇန့်ဟာ ကုန်းပြင်မြင့်တွေ များပြားစွာရှိပြီး လူနေမှုဆင်းရဲခဲ့တဲ့ဒေသ၊ တရုတ်ပြည်နဲ့ ဆက်သွယ်ဖို့ သွားလာရေး ခက်ခဲတဲ့ဒေသလေးတစ်ခု အဖြစ်သိခဲ့တာပါ။ ရှီးဇန့်ဒေသတရုတ်ပြည်ထဲ ဝင်ရောက်ပြီး နှစ်ပေါင်း ၇၀ ပြည့်မြောက်တဲ့ ယနေ့ခေတ်အခါမှာတော့ ယနေ့ခေတ်ရှီးဇန့်ဟာ ကျွန်မတို့ အရင်တုန်းက သိထား၊ ကြားထားတဲ့ ရှီးဇန့်နဲ့မတူကွဲပြားခြားနားစွာ တိုးတက်မှု၊ အေးချမ်းမှု၊ ဒေသဖွံ့ဖြိုးမှုနဲ့ ဆင်းရဲ နွမ်းပါးမှုတွေ ပပျောက်ခဲ့တာကိုတွေ့ရပါပြီ။ ရှီးဇန့်ရဲ့ ကောင်းသတင်းတွေကို ကြားတော့ရှီးဇန့်ကိုချစ်တဲ့ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ ဝမ်းသာရပါတယ်။ ရှီးဇန့်မှာ ဘယ်လိုဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေပြီလဲ ဒါတွေကို လေ့လာဖို့ ကျွန်မတစ်ယောက် လွန်ခဲ့တဲ့နှစ်မှာရှီးဇန့် ကိုသွားဖို့ အခွင့်သာခဲ့ပါတယ်။

ပြည်သူသာအဓိက မူဝါဒနဲ့မောင်းနှင်နေတဲ့ ရှီးဇန့်

ရှီးဇန့်ကိုရောက်တော့ ကျွန်မတို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ ဒေသအစိုးရရုံးက ပြန်ကြားရေးအရာရှိက သစ်လွင် တောက်ပစွာဆောက်ထားတဲ့ အထပ်မြင့်တိုက်ခန်းတွဲ အဆောက်အဦတွေကို လက်ညှိုးထိုးပြပြီး “ဒီအဆောက် အဦးတွေက ဝေးလံဒေသကနေ ပြောင်းလာတဲ့သူတွေ နေတဲ့တိုက်ခန်းတွေပေါ့ဆရာမ။ ဒီတိုက်ခန်း တွေထဲမှာ အိုးမကွာအိမ်မကွာနေထိုင်ရင်း ဒီရပ်ကွက်ထဲမှာပဲ အလုပ်လည်း လုပ်လို့ရတယ်လို့” ပြောပြလာတဲ့အခါ ကျွန်မ အံ့ဩတကြီး ဖြစ်ရပါတော့တယ်။ နေထိုင်ရာလည်းပေး၊ အလုပ်လည်း စီစဉ်ပေးတယ်ဆိုတော့ ဒေသခံဆင်းရဲ ပြည်သူတွေအတွက် အဆင်ပြေပြီလို့ပြောစရာပင်။ ဒါနဲ့တစ်ဆက်တည်း ရှီးဇန့်က ဇန့်လူမျိုးတွေအတွက် နေအိမ်အာမခံပေးရေး၊ စားဝတ်နေရေး ပြေလည်စေရေး၊ အလုပ်အကိုင်ရရှိစေရေး၊ ကျန်းမာရေးစနစ် အာမခံ ပေးရေး၊ ပညာသင်ကြားရေး အလုံးစုံအခမဲ့အာမခံပေးရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး အာမခံပေးခြင်း စတဲ့ အာမခံတွေကို ဒေသအစိုးရအနေနဲ့ အာမခံပေးထားတယ်လို့ ဆိုပြန်ပါတယ်။

123全文 3 下一页

Share this story on

Messenger Pinterest LinkedIn