မြန်မာဘာသာ

ဗဟိုအစိုးရသည် ဟောင်ကောင်၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကိုအစွမ်းကုန် ထောက်ခံနေဟု လီခေ့ချန် ဆို

criPublished: 2022-03-11 13:29:54
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က ဗဟိုအစိုးရသည် နေ့စဉ်နေ့တိုင်း ဟောင်ကောင်၏ ကူးစက်ရောဂါ အခြေအနေကို အာရုံစိုက်ဂရုပြုနေကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး ဗဟိုအစိုးရသည် အစွမ်းကုန် ထောက်ခံပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်သည် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

Share this story on

Messenger Pinterest LinkedIn