မြန်မာဘာသာ

ဝမ်ယိသည် ပြင်သစ်၊ အီတလီ နိုင်ငံခြားရေးဝန်ကြီးနှင့် အသီးသီး ဗီဒီယိုတွေ့ဆုံဆွေးနွေး

criPublished: 2022-03-11 11:40:13
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် မတ်လ ၁၀ ရက်နေ့က ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Le Drian၊ အီတလီနိုင်ငံခြားရေးဝန်ကြီး Luigi Di Maio နှင့် ဗီဒီယိုဖြင့် အသီးသီးတွေ့ဆုံခဲ့ပြီး ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

Le Drian နှင့် တွေ့ဆုံရာတွင် ဝမ်ယိက နိုင်ငံတကာမိသားစုကြီး အနေနှင့် ရုရှား-ယူကရိန်းစေ့စပ်ဆွေးနွေးပွဲကို ဆက်လက်အားပေးထောက်ခံကာ လိုအပ်သောပတ်ဝန်းကျင် အခြေအနေများကို ဖန်တီးပေးရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် အရေးယူမှုကို ဆင်ခြင်အသုံးပြုရန် အမြဲ တိုက်တွန်းပြီး နိုင်ငံတကာ ဥပဒေ အထောက်အထားမရှိသော တစ်ဖက်သတ်အရေးယူမှုနှင့် လက်တံရှည် အုပ်ချုပ်မှုကို ကန့်ကွက်ကြောင်း ပြောကြားပါသည်။

Le Drian က ယူကရိန်းပြဿနာဆိုင်ရာ ပြင်သစ်ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြပြီး ပြင်သစ်သည် ငြိမ်းချမ်းရေးတွန်းအားပေးရန်ကြိုးပမ်းမှုကို ထောက်ခံ၍ တရုတ်နှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

Luigi Di Maio နှင့် တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့် အားဖြည့် ကူးလူးဖလှယ်၊ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ တွန်းအားပေးရန် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

Luigi Di Maio က အီတလီသည် တရုတ်နိုင်ငံက နိုင်ငံတကာငြိမ်းချမ်းရေးအတွက် အကျိုးပြု ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ အီတလီသည် တရုတ်မှ တင်ပြသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကမ်းလှမ်းချက်(၆)ချက်ကို အလွန်အာရုံစိုက်ပြီး တရုတ်နှင့်အတူ အားဖြည့်ကူးလူးဖလှယ်လိုကြောင်း၊ ဥရောပ လုံခြုံရေးစနစ်သည် ဘက်အသီးသီးတို့ တန်းတူညီမျှစွာ ညှိနှိုင်းဆွေးနွေးပြီး အကျိုးတူ ဖေါ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

Share this story on

Messenger Pinterest LinkedIn